Top News

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် တိုကင်ယူသူများကို ကိုယ်စားလှယ် ထုတ်ယူခွင့်ပေးမည်မဟုတ်ဘဲ မျက်နှာနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ထုတ်ပေးမည်ဟု မြန်မာသံရုံး ထုတ်ပြန်
24htopnews | December 2, 2024 2:12 PM CST

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် တိုကင်ယူသူများကို ကိုယ်စားလှယ်ထုတ်ယူခွင့်ပေးမည်မဟုတ်ဘဲ မျက်နှာနှင့် တိုက်ဆိုင် စစ်ဆေးပြီးမှသာ ထုတ်ပေးမည်ဟု ဘန် ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

သက်တမ်းတိုးရမည့်သူများမှာ PJ နိုင်ငံ ကူးလက်မှတ်ကိုင်ဆောင်ထားသူများကို သက်တမ်းတိုးပေးမည်ဖြစ်ပြီး မတ် ၃၁ ရက် တွင် သက်တမ်းကုန်ဆုံးတော့မည့် နိုင်ငံကူး လက်မှတ်များကို သြဂုတ် ၂ ရက်မှစ၍ အသစ် ပြုလုပ်ပေးမည်ဖြစ်သည်။

ယင်းကြောင့် သက်တမ်းတိုးရန် ရက် ချိန်းတိုကင်များကို ဇူလိုင် ၂၉ ရက်မှစ၍ စနေ နေ့တိုင်း နံနက် ၈ နာရီမှစတင်ကာ မွန်းတည့် ၁၂ နာရီအထိ ရုံးဟောင်းဂိတ် (ယခင်နေရာ) ၌ ပေးအပ်သွားမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်သည်။

ရက်ချိန်းတိုကင် လာရောက်ထုတ်ယူသူ များအနေဖြင့် မိမိကိုင်ဆောင်သော နိုင်ငံကူး လက်မှတ်စာအုပ်ကို ယူဆောင်လာရမည်ဖြစ် ပြီး မျက်နှာနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ရက်ချိန်းတိုကင်ကို ပေးအပ်မည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်များဖြင့် ထုတ်ယူခြင်းကို လုံးဝ (လုံးဝ) ပေးအပ်မည်မဟုတ်ကြောင်း သံရုံးက ထုတ်ပြန်သည်။

ထို့ပြင် သက်တမ်းကုန် PJ နိုင်ငံကူးလက် မှတ်ကိုင်ဆောင်သူ အရေအတွက်သည် အနည်းငယ်သာ ရှိသည့်အတွက် ညအချိန်မှ စ၍ နေရာယူတန်းစီရန် မလိုအပ်ကြောင်း၊ ဇူလိုင် ၂၉ ရက် နံနက်မိုးလင်းချိန်မှသာ လာ ရောက်ကြရန်၊ လာရောက်သူအားလုံးကို ထုတ် ပေးမည်ဖြစ်၍ စနစ်တကျတန်းစီပြီး တိုကင် ရယူကြရန် မေတ္တာရပ်ခံအပ်ကြောင်း မြန်မာ သံရုံးက ထုတ်ပြန်ထားသည်။


READ NEXT
Cancel OK