Top News

အွန်လိုင်းဖြင့် ကုန်စည်ဖြစ်စေ ဝန်ဆောင်မှုဖြစ်စေ ရောင်းချသည့်လုပ်ငန်းများ ခြောက်လအတွင်း မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်မရှိဘဲ ဆောင်ရွက်နေပါက ယင်းလုပ်ငန်းကို ဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်
24htopnews | December 2, 2024 2:12 PM CST

အွန်လိုင်းဖြင့် ကုန်စည်ဖြစ်စေ ဝန်ဆောင်မှုဖြစ်စေ ရောင်းချသည့်လုပ်ငန်းများ ခြောက်လအတွင်း မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်မရှိဘဲ ဆောင်ရွက်နေပါက ယင်းလုပ်ငန်းကို ဥပဒေအရ အရေးယူမည် ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ အမိန့် ကြော်ငြာစာ အမှတ် ၅၀/၂၀၂၃ ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၁ ရက်စွဲဖြင့် ထုတ် ပြန်လိုက် သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ အပ် နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အ ဆိုပါအမိန့်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိ ရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန် ဆောင်မှု ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ အွန် လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အ ရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ် လိုက်သည်။

မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်း ချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှေ ာက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ် သည်။

အဆိုပါအမိန့်ကြော်ငြာစာကို ထုတ် ပြန် ပြီး ခြောက်လပြည့်မြောက်သည့်နေ့မှစတင် ၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ် ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင် ဆော င်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန် စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အ ရေးယူခြင်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ် ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆော င်မှုကိုဖြစ်စေ အွန်လိုင်း online စနစ်မှတစ် ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့် လုပ် ငန်းကို ဆိုလိုခြင်းဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင် ၂၁ ရက်စွဲဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကို အ မိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ ကိုပါ ပူး တွဲထုတ်ပြန်ထားသည်။

မှတ်ပုံတင်လက်မှတ်ဆိုသည်မှာ အ ဆိုပါအမိန့်အရ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပေးသော အွန်လိုင်းစနစ်ဖြင် ့ ရောင်းချ ခြင်း လုပ်ငန်း မှတ် ပုံတင်လက်မှတ်ဖြစ်သည်။

         

         


READ NEXT
Cancel OK