ရေကြီးရေလျှံမှု ဖြစ်ပွားနေသေးသည့် ရပ်ကွက်များသို့ အလှူရှင်များ၊ လူမှုကူညီရေးအဖွဲ့များက အစားအစာများ ဖြန့်ဝေပေးနေစဉ်(ဓာတ်ပုံ-ဇင်မိုး)
မော်လမြိုင်မြို့တွင် လက်ရှိ ရေကြီးရေလျှံမှု ဖြစ်ပွားနေသေးသည့် ရပ်ကွက်အချို့တွင် နေထိုင်နေကြသူများအတွက် အလှူရှင်များ၊ အသင်းအဖွဲ့များ နှင့် လူမှုကူညီကယ်ဆယ်ရေး အဖွဲ့များက အစားအစာနှင့် သောက်သုံးရေ များ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိကြောင်း သိရ သည်။
မော်လမြိုင်မြို့တွင် မိုးရွာသွန်းမှုလျော့ ကျသွားသည့်အတွက် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် တချို့နေရာများတွင် ရေပြန်လည် ကျဆင်းနေကြောင်းမြို့ခံပြည်သူများ နှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ပြောကြား ချက် များ အရ သိရသည်။
ဇူလိုင်လ ၁၉ ရက်၊ နံနက် ၉ နာရီခွဲအချိန် မှ ဇူလိုင်လ ၂၀ ရက် နံနက် ၉ နာရီခွဲအချိန်အ ထိ မော်လမြိုင်မြို့တွင် မိုးရေချိန် ၆ ဒသမ ၄၆ လက်မသာ ရွာသွန်းခဲ့ကြောင်း ပြည်နယ် မိုး လေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
မော်လမြိုင်မြို့တွင် ဇူလိုင်လ ၁၉ ရက် မွန်းလွဲပိုင်းအချိန်တွင် မိုးအနည်းငယ်သာ ရွာသွန်းခဲ့ကြောင်း သို့သော်လည်း ညပိုင်းတွင် မိုးပြန်လည်ရွာသွန်းခဲ့သည့်အတွက် ရေကြီး ရေလျှံမှုများ ဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ် နေခဲ့ကြရကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဒီနေ့ (ဇူလိုင်လ ၂၀ ရက် မနက်ပိုင်း မိုးရွာသေးပေမယ့် မနက် ၁၀ နာရီလောက်ကျတော့ မိုးပြန်တိတ်သွားပြီး နေပြန်ပွင့်နေပါတယ်” ဟု ပြောကြားသည်။
မော်လမြိုင်မြို့အတွင်း မိုးရွာသွန်းမှု လျော့ကျသွားသော်လည်း အနိမ့်ပိုင်းရှိ ရပ် ကွက်များအတွင်း ရေတင်ကျန်နေလျက်ရှိ သေး ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ များထံမှ သိရသည်။
“လက်ရှိတချို့နေရာတွေမှာ ရေလျော့ ကျသွားပေမယ့် ဇေယျာမြိုင်၊ သီရိမြိုင်၊ သီရိ မင်္ဂလာရပ်ကွက်နဲ့ လှိုင်ရပ်ကွက်ဘက်မှာ ရေ ကတင်ကျန်နေသေးတယ်လို့ သိရတယ်။ မိုး ဆက်မရွာဘူးဆိုရင်တော့ အဲ့ဒီရပ်ကွက်တွေ မှာလည်း ရေပြန်ကျသွားနိုင်ပါတယ်” ဟု bo bo win rescue မှ ကိုဘိုဘိုဝင်း ကပြောကြား သည်။
ထို့အတူ ဇူလိုင်လ ၁၉ ရက်၊ နံနက် ၉ နာရီခွဲအချိန်မှ ဇူလိုင်လ ၂၀ ရက် နံနက် ၉ နာရီခွဲအချိန်အထိ မွန်ပြည်နယ် ပေါင်မြို့တွင် မိုးရေချိန် ၇ ဒသမ ၃၆ လက်မ၊ ကျိုက်မရော မြို့တွင် မိုးရေချိန် ၆ ဒသမ ၃၀ လက်မ၊ ချောင်း ဆုံမြို့တွင် မိုးရေချိန် ၃ ဒသမ ၈၆ လက်မ၊ မုဒုံမြို့တွင် မိုးရေချိန် ၃ ဒသမ ၇၈ လက်မ၊ ကျိုက္ခမီမြို့တွင် မိုးရေချိန် ၂ ဒသမ ၉၉ လက်မ၊ ရေးမြို့တွင် မိုးရေချိန် ၂ ဒသမ ၆၄ လက်မ၊ သထုံမြို့တွင် ၂ ဒသမ ၅၅ လက်မသာ ရွာသွန်းခဲ့ကြောင်း ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် နံနက် ၉ နာရီခွဲအချိန်မှ ဇူလိုင်လ ၁၉ ရက် နံနက် ၉ နာရီခွဲအချိန်အထိ မော်လမြိုင်မြို့အတွင်း မိုးရေချိန် ၂၂ ဒသမ ၇၅ လက်မအထိရွာသွန်း ခဲ့ပြီး ထိုမိုးရေချိန်မှာ မော်လမြိုင်မြို့တွင် နှစ် ပေါင်း ၇၁ နှစ်အတွင်း မိုးရေချိန်အများဆုံး စံချိန်သစ်ဖြစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်အများအပြား ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ၆၀၀ ကျော်အား မြန်မာနိုင်ငံ မီး သတ်တပ်ဖွဲ့နှင့် မော်လမြိုင်မြို့မှလူမှုကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ် ကူညီရွှေ့ ပြောင်းပေးခဲ့ရကြောင်း သိရသည်။
ထို့အပြင် မော်လမြိုင်မြို့ သီရိမင်္ဂလာ ရပ်ကွက်မှ တစ်နှစ်ခွဲအရွယ် ကလေးငယ် တစ်ဦး၊ သီရိမြိုင်ရပ်ကွက်မှ အသက် (၁၂) နှစ်အရွယ် ကလေးတစ်ဦးနှင့် စျေးကြိုရပ် ကွက်မှ အသက် (၁၂) နှစ်အရွယ် ကလေး တစ်ဦးတို့မှာလည်း ရေနစ်သေဆုံးခဲ့ကြရ ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
