Top News

မူးယစ်ဆေးမှုဖြင့် ထိုင်းအကျဉ်းထောင်တွင် ဖမ်းဆီးထားသည့် ထိုင်းနှင့် မြန်မာ အကျဉ်းသားနှစ်ဦး ထောင်ဖောက်ပြေးသော်လည်း အချိန်တိုတွင်း ပြန်လည်ဖမ်းမိ
24htopnews | December 2, 2024 2:12 PM CST

မူးယစ်ဆေးမှုဖြင့် ထိုင်းအကျဉ်းထောင်တွင် ဖမ်းဆီးထားသည့် ထိုင်းနှင့် မြန်မာ အကျဉ်းသားနှစ်ဦး ထောင်ဖောက်ပြေးသော်လည်း အချိန်တိုတွင်း ပြန်လည်ဖမ်းမိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

၄င်းတို့နှစ်ဦးမှာ ဇူလိုင် ၂၁ ရက် နံနက်က ထိုင်းနိုင်ငံ ကန်ချနပူရီအကျဉ်းထောင်မှ ထောင်ဖောက်ပြေးခဲ့သော်လည်း နှစ်ဦးစလုံးကို ပြန်လည်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ကနဦးသတင်းအရ ဇူလိုင် ၂၁ ရက် နံနက် ၈ နာရီခန့်တွင် အကျဉ်းသားနှစ်ဦးမှာ နှစ်မီတာအမြင့်ရှိသည့် ထောင်နံရံဆူးကြိုးကို ဖြတ်တောက်ကာ လွတ်မြောက်သွားကြောင်း သတင်းတွင် ဖော်ပြသည်။

အခင်းဖြစ်ပွားပြီး မကြာမီမှာပင် ထိုင်းအမျိုးသားကို ထောင်အစောင့်တွေက ဖမ်းဆီးနိုင်ခဲ့ပြီး အကျဉ်းထောင်နောက်ဘက် တောအုပ်ထဲသို့ ပြေးသွားသည့် မြန်မာအမျိုးသားကို နံနက် ၁၀ နာရီခန့်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့သည်ဟု ဘန်ကောက်ပို့စ်တွင် ရေးသားထားသည်။

၎င်းတို့နှစ်ဦးသည် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများမဟုတ်ကြောင်း၊ ၎င်းတို့အား မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေး အစီအစဉ်ဖြင့် အကျဉ်းထောင်တွင် ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း အကျဉ်းထောင်စောင့်များက ပြောသည်။


READ NEXT
Cancel OK