မလေးရှားရေပိုက်နက်အတွင်း ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ပြီး မြန်မာနိုင်ငံသား သင်္ဘောသားလေးဦးအပါအဝင် ကိုးဦးပျောက်ဆုံးနေကြောင်း freemalaysiatoday သတင်းဌာနက သတင်းဖော်ပြသည်။
ကုန်တင်သင်္ဘောတစ်စင်းဖြစ်သည့် MV Tung Sung ကုန်တင်သင်္ဘောသည် မလေးရှားနိုင်ငံ Kuching မြို့နှင့် Sebuyau မြို့အကြား ကီလိုမီတာ ၁၀၀ ခန့်အကွာ Sebuyau ရေပြင်အနီး Pulau Burung အနောက်မြောက်ဘက် ရေမိုင် လေးမိုင်ခန့်အကွာတွင် ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီ ၄၀ ခန့်တွင် အဆက်အသွယ်ပြတ်တောက်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင်ဖော်ပြထားသည်။
မလေးရှားရေကြောင်းတရားဥပဒေစိုးမိုးရေးအေဂျင်စီ (MMEA) ၏ Sarawak ဒါရိုက်တာ Zin Azman Yunus က သင်္ဘောသားလေးဦးဖြစ်သည့် Chieng Siew Ngiek၊ Wong Hua Wu၊ Maxwell Billy Stimba နှင့် Stimba Chuit တို့မှာ မလေးရှားနိုင်ငံသားများဖြစ်ကြောင်း ပြောကြားသည်။
ကျန်ရှိသည့် သင်္ဘောသားများအနက် မြန်မာနိုင်ငံသားလေးဦးမှာ ကိုသက်မင်းဇူလိုင်၊ ကိုရဲလင်းထက်၊ ကိုလှဝင်းထွန်း၊ ကိုထွန်းလင်းဦးတို့ဖြစ်ပြီး ကျန်တစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံသားဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
“သေဆုံးသူတွေဟာ အသက် ၂၀ နဲ့ ၅၂ နှစ်ကြားပါ” ဟု Zin Azman ကပြောကြားသည်။
MV Tung Sung သင်္ဘောပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီ ၄၀ ခန့်တွင် MMEA မှ လက်ခံရရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို MMEA ၏ ရေယာဉ် KM Kinabalu နှင့်အတူ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် စတင်ဆောင်ရွက်ခဲ့သည်ဟု Zin Azman ကပြောကြားသည်။
ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကူညီရန် ရဲတပ်ဖွဲ့ဝင်များ ကလည်း ပစ္စည်းများ စုဆောင်းထားရှိခဲ့ပြီး ရှာဖွေမှုကို ဇူလိုင် ၂၀ ရက် ည ၇ နာရီတွင် ရပ်ဆိုင်းခဲ့ပြီး ဇူလိုင် ၂၁ ရက် နံနက် ၈ နာရီတွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း Zin Azman က ပြောကြားသည်။
နစ်မြုပ်ခဲ့သည့် MV Tung Sung အမည်ရှိ ကုန်တင်သင်္ဘောမှာ Kuching မှ Sarikei သို့ ကျောက်စရစ်များ တင်ဆောင်လာစဉ် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
