Top News

ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲခြင်း ၁၁၂ ကြိမ်၊ ရထားတံတားများကို မိုင်းခွဲခြင်း ၄၁ ကြိမ်၊ ဘူတာနှင့် ဝန်ထမ်းနေအိမ်များ မီးရှို့ခြင်း ၁၂ ကြိမ် ဖြစ်ပွားခဲ့ဟု ထုတ်ပြန်
24htopnews | December 2, 2024 2:12 PM CST

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထား ဘူတာနယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲခြင်း ၁၁၂ ကြိမ်၊ ရထားတံတားများကို မိုင်းခွဲခြင်း ၄၁ ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များကို မီးရှို့ခြင်း ၁၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဇူလိုင် ၁၉ ရက် သတင်းထုတ်ပြန်မှုအရ သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့တွင် ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများအတွက် အမြန်လူစီးရထား ၁၈ စင်း၊ စာပို့ရထား ၁၄ စင်း၊ လူစီးကုန်တင်ရထား ရှစ်စင်း၊ REB လူစီး နှစ်စင်းနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံး ရထား ၃၅ စင်း၊ စုစုပေါင်း လူစီးရထား ၇၇ စင်းနှင့် ကုန်ရထား ခြောက်စင်းကို နေ့စဉ်ပြေး ဆွဲလျက်ရှိကြောင်း သိရသည်။

ပြေးဆွဲမှုများအနက် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အမြန်ရထား လေးစင်း၊ စာပို့ရထား နှစ်စင်း၊ လူစီးကုန်တင်ရထား နှစ်စင်းနှင့် ကုန်ရထား သုံးစင်းကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK