ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးဦးဆောင်သော မြန်မာကိုယ် စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၇)ကြိမ်မြောက်အမျိုးသား လွှတ် တော် ရွေးကောက်ပွဲအားလေ့လာရန် ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၂၁ ရက်တွင်ရန် ကုန်မြို့မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာ သွားကြောင်းသိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့အား ကော်မရှင်အဖွဲ့ဝင်များ ဖြစ်သည့် ဦးသန်းထွန်း၊ ဦးအောင်စောဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ခဲ့ကြောင်းသိရသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ (၇)ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲကို ဇူလိုင် ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင်ဦးစိုးဦး လိုက်ပါသွား ကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲသို့ နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများအဖြစ် သွား ရောက်လေ့လာခြင်းဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲစနစ်များ၊ရွေး ကောက်ပွဲကျင်းပပုံလုပ်ငန်းစဉ်များ၊ မဲပေး ခြင်းလုပ်ငန်းစဉ်များနှင့် မဲရေတွက်ခြင်း လုပ် ငန်းစဉ်များကို လေ့လာမည်ဖြစ်ကြောင်းသိရ သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
