စက်မှုဇုန်များနှင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို ကုန်သွယ်ခွန် လျှော့ချကောက်ခံ ပေးရန် ညှိနှိုင်းနေသည်ဟု ကုန်သွယ်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြား သည်။
ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးတွင် အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ယင်းသို့ပြော ကြားခဲ့ခြင်းဖြစ်သည်။
စီးပွားရေးကဏ္ဍ၏ လက်တွေ့မြေပြင် အခြေအနေများ၊ အခက်အခဲများ တင်ပြရာတွင် သက်ဆိုင်ရာ အသင်းများအလိုက်၊ လုပ်ငန်းကဏ္ဍအလိုက် ဖြေရှင်းနိုင်မည့် နည်းလမ်း များပါ ကြိုတင်ပြင်ဆင် ထားစေလိုကြောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍကို အားကောင်းစွာ ကိုယ်စားပြုသည့် အသင်းများ ထွက်ပေါ်စေ လိုကြောင်း၊ အသင်းချုပ်မှလည်း ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ စက်မှုဇုန်များနှင့် ပြည်တွင်းကုန် ထုတ်လုပ်ငန်းများမှ ထုတ်လုပ်သည့် ထုတ် ကုန်များကို ကုန်သွယ်ခွန် လျှော့ချကောက်ခံ ပေးရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း အသင်းဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားသည်။
ထို့ပြင် အသင်းချုပ်ရှိ လုပ်ငန်းကော်မတီ များကလည်း သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝဖြင့် တာဝန်ခွဲဝေ ဆောင်ရွက်စေလိုကြောင်း၊ လုပ်ငန်းများ လုပ်ဆောင်ရာတွင် အချိန်နှင့် တစ်ပြေးညီ လုပ်ဆောင်ရန်လိုသည့်အပြင် လက်ရှိမူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ချိန်ဆပြီးလုပ်ရသည်ဖြစ်သည့်အတွက် လိုအပ်ချက်များရှိလျှင် နားလည်ပေးစေလို ကြောင်း၊ အသင်းအဖွဲ့များအနေဖြင့်ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြု လုပ်ဆောင်ရာတွင် အများအကျိုးအတွက် တူညီသည့် ရပ်တည် ချက်များရှိရန် လိုအပ်ကြောင်းဆက်လက် ပြောကြားသည်။
အစည်းအဝေးသို့ ကုန်သည်စက်မှုအ သင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ များဖြစ်သော ဦးသောင်းတင်၊ ဒေါက်တာမျိုး သက်၊ ဦးရဲမင်းအောင်၊ ဦးအေးထွန်း၊ ဒေါက် တာဝင်းစည်သူ၊ ဦးဆန်းလင်း၊ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းသန့်၊ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ဗဟိုအလုပ် အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
