အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ရွန်နီသည် လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်း၏ ကစားသမားနည်းပြအဖြစ် ဆောင်ရွက်ခွင့်ရခဲ့သည့်အတွက် အလွန်စိတ်လှုပ်ရှားနေကြောင်း ပြောကြားခဲ့သည်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ရွန်နီသည် လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်း၏ ကစားသမားနည်းပြအဖြစ် ဆောင်ရွက်ခွင့်ရခဲ့သည့်အတွက် အလွန်စိတ်လှုပ်ရှားနေကြောင်း ပြောကြားခဲ့သည်။
ဒါဘီအသင်းသည် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းတိုက်စစ်မှူး ရွန်နီကို ကစားသမားနည်းပြအဖြစ် (၁၈)လစာချုပ်ချုပ်ဆိုခဲ့ပြီး ရွန်နီအနေဖြင့် လာမည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ဒါဘီအသင်းနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။
အသက် (၃၃)နှစ်အရွယ်ရှိ မန်ယူတိုက်စစ်မှူးဟောင်း ရွန်နီသည် ၂၀၁၈ ခုနှစ်ဇွန်လက မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခုအခါ အင်္ဂလန်သို့ ပြန်လာရန် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။
ရွန်နီက ''ဒါဘီအသင်းကပေးတဲ့ အခွင့်အရေးတွေအတွက် ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်အနေနဲ့ လာမယ့် ၂၀၂၀ ခုနှစ်ဇန်နဝါရီလကစတင်ပြီး ဒါဘီအသင်းနည်းပြ ကိုကူး၊ အသင်းကစားသမားတွေနဲ့ လက်တွဲပြီး အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော့်အနေနဲ့ ဒါဘီအသင်းနဲ့ သက်ဆိုင်သူတွေအားလုံး ပျော်ရွှင်ခွင့်ရအောင် အကောင်းဆုံးကြိုးစားသွားမှာပါ။ ဒါဘီအသင်းမှာ ကျွန်တော့်ရဲ့နည်းပြဘဝကို စတင်ခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားနေပြီး ပထမအသင်းနဲ့ အကယ်ဒမီအသင်းအတွက်ပါ ကျွန်တော် အလုပ်လုပ်ပေးသွားမှာပါ" ဟုပြောကြားခဲ့သည်။
ရွန်နီသည် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းနှင့် ၂၀၁၉ မေဂျာလိဂ်ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဒါဘီအသင်းတွင် တစ်ပတ်လစာ ပေါင် (၁)သိန်းရဖွယ်ရှိသည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
