ဘာစီလိုနာအသင်းဒုဥက္ကဋ္ဌ ယော်ဒီကာဒိုနာက နေမာကို PSG အသင်းမှ ပြန်လည်ခေါ်ယူရန် ယခုအချိန်အထိ ဆွေးနွေးရ ခြင်းမရှိသေးကြောင်း အတည်ပြုပြောကြားသည်။
PSG အသင်းတိုက်စစ်မှူး နေမာသည် ပါရီ၌မပျော်ရွှင်တော့ သဖြင့် အသင်းဟောင်း ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိနေပြီး PSG အသင်းကလည်း သင့်လျော်သည့်ကမ်းလှမ်းမှု ရရှိပါက ရောင်းချမည်ဖြစ်ကြောင်း ကြေညာထားသည်။
သို့သော် ဘာစီလိုနာအသင်းအနေဖြင့် ယခုနွေရာသီတွင် ဂရီးဇ်မန်းနှင့် ဒီယွန်းအပါအဝင် ကစားသမားသစ်ခြောက်ဦးအတွက် ယူရို ၂၅၅ သန်းအထိ သုံးစွဲထားသောကြောင့် နေမာကို ပြန်လည်ဝယ်ယူခြင်းထက် အငှားဖြင့်သာ ကနဦးခေါ်ယူရန် ကြိုးပမ်းဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
ယင်းအခြေအနေနှင့်ပတ်သက်၍ ဒုဥက္ကဋ္ဌ ကာဒိုနာက ''ဒီနေ့အတွက်ဆိုရင်တော့ နေမာရဲ့အကြောင်း ဘာမှမရှိပါဘူး။ အဲဒီကိစ္စက ရှုပ်ထွေးတယ်လို့လည်း ဥက္ကဋ္ဌ (ဘာတိုမူ) က ပြောထားပါတယ်။ ကျွန်တော်တို့က ကြိုးဆွဲရာ ကနေရတဲ့ သရုပ်ဆောင်တွေပါ။ ပါရီမှာ သူမပျော်ရွှင်တော့ဘူး ဆိုတာ ကျွန်တော်တို့သိပါတယ်။ အဲဒီအခြေအနေကိုဖြေရှင်းနိုင်ဖို့ လည်း လိုပါတယ်။ ကျွန်တော်တို့နဲ့ သူတို့ (PSG အသင်း) ဘာမှ မပြောရသေးပါဘူး။ ကလပ်နှစ်သင်းအနေနဲ့ အပြန်အလှန်လေး စားမှုလည်း အများကြီးရှိပါတယ်။ နေမာရဲ့အကြောင်း ပြောစရာ ရှိလာတဲ့တစ်နေ့ကျရင် ကျွန်တော်တို့ပြောပြမှာပါ။ ဒီနေ့ ဒီအချိန် မှာတော့ အဲဒီကိစ္စကို ငြင်းဆန်ပါတယ်''ဟု သြဂုတ် ၄ ရက်တွင် TV3 ရုပ်သံသို့ ပြောကြားသည်။
ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် သြဂုတ် ၅ ရက်က လေ့ကျင့်မှုပြုလုပ်စဉ် ယာဘက်ခြေသလုံးဒဏ်ရာရရှိခဲ့သောကြောင့် နှစ်ပတ်ခန့်အနားယူရမည်ဖြစ်ပြီး အမေရိကန်နိုင်ငံ၌ နာပိုလီအသင်းနှင့်ကစားမည့်နှစ်ပွဲစလုံး လွဲချော်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
