မန်ယူအသင်းသည် ဂျူဗင်တပ်စ်အသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားကို ခေါ်ယူ မည့်အစီအစဉ်အား လက်လျှော့လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
မန်ယူအသင်းသည် အသင်းပြောင်းရွှေ့ရန် ပြင်ဆင်နေသည့် ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ၏နေရာတွင် ဒီဘားလားကို ပြန်လည်အားဖြည့်ရန် စီစဉ်ခြင်းဖြစ်ပြီး ယင်းကစားသမားနှစ်ဦးကို အလဲအထပ်ပြုလုပ်ဖွယ်ရှိကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။
သို့သော် ဒီဘားလားက မြင့်မားသည့် လုပ်ခလစာကိုသာမက အေးဂျင့်ကြေးကိုပါ တောင်းဆိုခဲ့သည့်အတွက် လက်လျှော့လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဒီဘားလားက အေးဂျင့်ကြေး ပေါင်(၁၃)သန်းပေးရန်နှင့် ၎င်းအတွက် လုပ်ခကို တစ်ပတ်ပေါင်(၃၅၀၀၀၀)ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။
ထို့ပြင် မန်ယူအသင်းက ဒီဘားလားအနေဖြင့် ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်းမှာ အပြောင်းအရွှေ့ဖြစ်မြောက်လိုသည့် ဆန္ဒမရှိခြင်းကြောင့်ဟု ယူဆကာ လက်လျှော့လိုက်ခြင်းဖြစ်သည်ဟုလည်း သုံးသပ်ခဲ့ ကြသည်။
မန်ယူအသင်းသည် ဒီဘားလားနှင့်အတူ ဂျူဗင်တပ်စ်အသင်းဖော် မန်ဇူကစ်ကိုလည်း ခေါ်ယူရန် စီစဉ်ခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ပင် ရရှိခဲ့ပြီးဖြစ်သော်လည်း ဒီဘားလားကို ခေါ်ယူမည့် အစီအစဉ်ပျက်သွားသည့်အတွက် မန်ဇူကစ်ကိုလည်း ခေါ် ယူတော့မည်မဟုတ်ဟု ဗြိတိန်မီဒီယာများက ရေး သားဖော်ပြခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
