Top News

လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းတွင် ကစားသမားနည်းပြအဖြစ် ရွန်နီ ဆောင်ရွက်မည့်ကြေညာချက်ကို ယနေ့ထုတ်ပြန်ဖွယ်ရှိ
24htopnews | December 2, 2024 3:12 PM CST

မန်ယူတိုက်စစ်မှူးဟောင်း ရွန်နီသည် လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်း၏ ကစားသမားနည်းပြအဖြစ် ဆောင်ရွက်မည့်ကြေညာချက်ကို ယနေ့အတည်ပြုထုတ်ပြန်ဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ရွန်နီ(၃၃ နှစ်)သည် လက်ရှိအချိန်၌ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းတွင် ကစားနေသော်လည်း ဇနီးဖြစ်သူ၏ဆန္ဒအရ အင်္ဂလန်သို့ ပြန်လာရန် ပြင်ဆင်နေသလို၊ နည်းပြဘဝသို့ ကူးပြောင်းရန်လည်းလိုလားနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ဒါဘီအသင်းနှင့် ဆွေးနွေးနေကြောင်း သတင်းများထပ်ထွက်လာခြင်း ဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်ဟောင်း လမ်းပတ်နှင့် လက်တွဲခဲ့ဖူးသော ဒါဘီအသင်းပိုင်ရှင် မဲလ်မောရစ်ကလည်း ရွန်နီနှင့်လက်တွဲရန် စိတ်ဝင်စားနေသောကြောင့် ပဏာမအဆင့် ဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီဟု သိရှိရသည်။

ရွန်နီသည် ဒီစီယူနိုက်တက်အသင်းနှင့် (၃)နှစ်စာချုပ်ချုပ်ထိုးထားပြီး စာချုပ်သက်တမ်းမှာ (၁၃)လသာရှိသေးသော်လည်း အင်္ဂလန်သို့ပြန်ရန် စီစဉ်နေခြင်းဖြစ်သည်။

Daily Mail က ရွန်နီမှာ ပြီးခဲ့သည့်တနင်္လာနေ့ညက အင်္ဂလန်သို့ရောက်ရှိလာခဲ့ပြီး ယနေ့တွင် အပြီးသတ်ဖွယ်ရှိသည်ဟု ရေးသားခဲ့သည်။


READ NEXT
Cancel OK