ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်းသည် ဂျူဗင်တပ်စ်အသင်း၏ ပေါ်တူဂီလက်ရွေးစင်နောက်ခံလူ ကန်ဆယ်လိုအား အသင်း၏နောက်ခံလူ ဒန်နီလိုနှင့် ငွေသားယူရို သန်း (၃၀)အလိုက်ပေးကာ ခေါ်ယူ နိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရှိရသည်။
အသက် (၂၅)နှစ်အရွယ်ရှိ ကန်ဆယ်လိုသည် ဂွါဒီယိုုလာစိတ်ကြိုက် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ရာသီကတည်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသူလည်းဖြစ်သည်။
ယခုရာသီတွင်လည်း ကန်ဆယ်လို၏ အပြောင်းအရွှေ့အတွက် ကလပ်အသင်းနှစ်သင်းသည် ရက်သတ္တပတ်ပေါင်းများစွာဆွေးနွေးခဲ့ကြပြီးနောက် ယခုအချိန်တွင် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး လာမည့် (၄၈)နာရီအတွင်း အပြီးသတ် စာချုပ်ချုပ်ဆိုတော့မည်ဟု အီတလီနှင့် အင်္ဂလန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ကန်ဆယ်လိုသည် ပြီးခဲ့သည့်ရာသီကမှ ဗလင်စီယာအသင်းထံမှ ဂျူဗင်တပ်စ်အသင်းထံသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းအတွက် ၂၀၁၈-၁၉ ရာသီတွင် စီးရီး အေ (၂၅)ပွဲအထိ ကစားခွင့်ရခဲ့သူဖြစ်သည်။
မန်စီးတီးအသင်းက ကန်ဆယ်လိုအား (၅)နှစ်စာချုပ် ချုပ်ဆိုသွားမည် ဖြစ်ပြီး အခြားတစ်ဖက်တွင် ဂျူဗင်တပ်စ်အသင်းကလည်း ဒန်နီလိုကို (၅)နှစ်စာချုပ်ချုပ်ဆိုသွားမည်ဟု သိရှိရသည်။
ကန်ဆယ်လိုသည် အင်တာမီလန်အသင်းတွင် အငှားဖြင့်တစ်ရာသီကစားပြီးနောက် မိခင်ကလပ် ဗလင်စီယာသင်းထံမှ ဂျူဗင်တပ်စ်သို့ ပေါင် (၃၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဒန်နီလိုကိုမူ မန်စီးတီးအသင်းက ရီးယဲလ်ထံမှ ၂၀၁၇ ခုနှစ်က ပေါင် (၂၆.၅)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
