မြန်မာ့လက်ရွေးစင် စနူကာကစားသမား အောင်ဖြိုးသည် မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်၏ ခွဲခြားဆက်ဆံမှုများ အတွက် သြဂုတ် ၃ ရက်က အိုလံပစ်တာဝါရှိ Myanmar Press Freedom Center ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်ဖြိုးက ''မေ ၁၀ ရက်ကလုပ်တဲ့ ဆီးဂိမ်းစ်လူရွေးပွဲမှာဖြစ်ခဲ့တဲ့ ပြဿနာကြောင့် ကျွန်တော့်ကို အဖွဲ့ချုပ်က တစ်နှစ်ပွဲပယ်ထား ပါတယ်။ လူရွေးပွဲထိုးနေတဲ့အချိန်မှာ တစ် ဖက်အခန်းက ဆူညံသံတွေဖြစ်နေလို့ ဒိုင်ကတစ်ဆင့် တားခိုင်းခဲ့တာပါ။ ပြီးတော့ အဖွဲ့ချုပ်ဥက္ကဋ္ဌက ဒီဘက်အခန်းထဲ ဝင်လာပြီး High Break ထိုးနိုင်တဲ့ ကိုထက်ကို ဆုကြေးပေးပြီး ဆုကြေးတစ်ဝက်ကို လူရွေးပွဲထိုးတဲ့ ကစားသမားတွေကို ထမင်းကျွေးမယ်လို့ ပြောပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အဖွဲ့ချုပ်အတွင်းရေးမှူးကိုပြောရာက အချင်းများပြီး သူကရန်ပြုဖို့ကြိုးစားလို့ ကျွန်တော်က ကျူတံ နဲ့ ရွယ်ခဲ့မိပါတယ်။ အဖွဲ့ချုပ်ဥက္ကဋ္ဌက ညနေပိုင်းပွဲမှာ ပြန်ထိုးဖို့ပြောပေမဲ့ မထိုးခဲ့တာက ကျွန်တော့်အမှားပါ။ ဇွန်နောက်ဆုံးပတ်မှာ အဖွဲ့ချုပ်ဥက္ကဋ္ဌအိမ်ကိုသွားပြီး တောင်းပန်ခဲ့ပြီး ပွဲပယ်ပြစ်ဒဏ်ကို ခြောက်လလျှော့ပေးမယ်လို့ပြောပေမဲ့ စာထွက်လာတဲ့အချိန်မှာ တစ်နှစ်ဖြစ်နေပါတယ်။ ကျွန်တော့်အနေနဲ့ ပြိုင်ပွဲ တွေပြန်ထိုးချင်လို့ အခုလို သတင်းစာရှင်းလင်းပွဲလုပ်တာပါ။ ကျွန်တော့်ကို ကူညီပေးနေတဲ့ ကိုထွန်းထွန်းဦးက သွားတွေ့ခဲ့ပေမဲ့ အဆင်မပြေလို့ ဒီအဆင့်ရောက်လာတာပါ။ ကျွန် တော့်အနေနဲ့ ကစားသမားဘဝမဆုံးချင်ပါဘူး။ ညှိနှိုင်းပြီး တောင်းပန်လို့ရရင် တောင်းပန်ချင်ပါတယ်။ သူတို့စည်းမျဉ်းအတိုင်းနေထိုင်ဖို့လည်း အစီအစဉ်ရှိပါတယ်။ ဆီးဂိမ်းစ် ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရဖို့ ဒီလလယ်မတိုင်ခင် သွားတောင်းပန်ဖို့ ကြိုးစားမှာပါ။ ကျွန်တော့်ကိုကူညီပေးနေတဲ့သူတွေ၊ မိသားစုဝင်တွေနဲ့ တိုင်ပင်ပြီး ညှိနှိုင်းဆောင်ရွက်သွားမှာပါ''ဟု ပြောကြားသည်။
အောင်ဖြိုးအတွက် ကူညီဆောင်ရွက် ပေးနေသည့် ဦးထွန်းထွန်းဦးက ''ကျွန်တော်က အောင်ဖြိုးနဲ့ အဖွဲ့ချုပ်ကြားမှာ ဖြစ်နေတဲ့ကိစ္စအတွက် ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ အောင်ဖြိုးကို တစ်ဖက်သတ် မတရားသဖြင့် လက်ရွေးစင်ကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ ခိုင်လုံမှုမရှိတဲ့အကြောင်း ပြချက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ လူ ရွေးပွဲမှာဖြစ်တာနဲ့ပတ်သက်ပြီး အောင်ဖြိုးက ယဉ်ယဉ်ကျေးကျေးနဲ့ Complain တက်တာပါ။ ကျွန်တော်တို့အနေနဲ့ အား/ကာက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးဖြစ်ပါတယ်။ မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ်က အောင်ဖြိုးကို ဆုချီးမြှင့်မှာကိုလည်း အဖွဲ့ချုပ်က တားမြစ်ထားပါတယ်။ အား/ကာ၊ အဖွဲ့ချုပ်နဲ့ ကစားသမားတွေကြားမှာ ဖြေရှင်းပေးမယ့် ခုံရုံးရှိဖို့ လိုလာပါပြီ။ ဒါက ကစားသမားရဲ့ အနာဂတ်ကို ရိုက်ချိုးလိုက်တာဖြစ်ပြီး အဆင်မပြေရင် နိုင်ငံတော်အဆင့်အထိတက်မှာပါ''ဟု ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
