ကိုရိုနာဗိုင်းရပ်စ်အတွက် စမ်းသပ်ကုသဆေး Remdesivir ကို ဥရောပ၊ အာရှနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ပါ ထုတ်လုပ်ပေးရန် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများနှင့် ဆွေးနွေးနေကြောင်း အမေရိကန်ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း Gilead က မေ ၅ တွင် ပြောကြားခဲ့သည်။
COVID-19 လူနာများ ပြန်လည်နာလန်ထူရေးကာလကို လျှော့ချပေးနိုင်သော ယင်းဆေးကို တင်ပို့ပေးနေကြောင်း Gilead Sciences ၏အမှုဆောင်အရာရှိချုပ် ဒင်နီယယ်အိုဒေးက မေ ၃ တွင် ပြောကြားထားသည်။ ကမ္ဘာတစ်ဝန်းမှ နိုင်ငံအများအပြားသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို ရင်ဆိုင်နေရပြီး COVID-19 ရောဂါကို ကုသရာ၌ Remdesivir ဆေးကို အသုံးပြုရန် စိတ်ဝင်စားမှု မြင့်မားနေသည်။
ကိုရိုနာဗိုင်းရပ်စ်ကို ကုသရန်နှင့် ကာကွယ်ရန်အတွက် သဘောတူခွင့်ပြုထားသော ဆေးများ လောလောဆယ်တွင် မရှိသေးပေ။ Remdesivir သည် COVID-19 လူနာများအတွက် အထောက်အကူဖြစ်ကြောင်း အချက်အလက်များ ထုတ်ပြန်ပေးခဲ့ပြီးနောက် အမေရိကန် အစားအသောက်နှင့် ဆေးဝါး စီမံခန့်ခွဲရေးအဖွဲ့က Remdesivir ကို COVID-19 ကုသရေးအတွက် အရေးပေါ် အသုံးပြုခွင့်ကို ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပေးခဲ့သည်။ လောလောဆယ်တွင် ယင်းဆေးကို ပြည်ပသို့တင်ပို့ရန် အမေရိကန်အစိုးရက တားမြစ်ပိတ်ပင်ထားသည်။
အိန္ဒိယနှင့် ပါကစ္စတန်ရှိ ဆေးထုတ်လုပ်ရေး ကုမ္ပဏီများနှင့် ကာလရှည် လိုင်စင်ဆိုင်ရာ ဆွေးနွေးမှုများ ဆောင်ရွက်နေသည်ဟု Gilead Sciences က မေ ၅ တွင် ပြောကြားခဲ့သည်။ အိန္ဒိယနှင့် ပါကစ္စတန်တို့ရှိ ဆေးကုမ္ပဏီများက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် Remdesivir ကို ထုတ်လုပ်ပေးရန်နှင့် ထိုသို့ ထုတ်လုပ်ရေးအတွက် Gilead က နည်းပညာ အကူအညီပေးရန် ဆွေးနွေးနေသည်။ ယခုနှစ် ဒုတိယနှစ်ဝက်တွင် ယင်းဆေးကို များများထုတ်လုပ်ဖြန့်ချိနိုင်ရန် မျှော်လင့်ထားသည်ဟု ဒင်နီယယ်အိုဒေးက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏အကြီးဆုံး ဆေးကုမ္ပဏီတစ်ခုဖြစ်သော Beximco Pharmaceuticals သည် Remdesivir ကို ယခု လအတွင်း စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း ကုမ္ပဏီ အကြီးတန်းအရာရှိတစ်ဦးကို ကိုးကားပြီး ရိုက်တာက မေ ၅ တွင် ဖော်ပြခဲ့သည်။ Gilead သည် လောလောဆယ်တွင် Remdesivir ကို ပထမအသုတ်အဖြစ် ၁.၇ သန်းစာ လှူဒါန်းမည်ဖြစ်သည်။ သဘောတူ ခွင့်ပြုချက်ပေါ်မူတည်ပြီး Remdesivir ကို ဖြစ်နိုင်သမျှ လူများများအတွက် စျေးအသင့်အတင့်နှင့် ရရှိရန် ဆောင်ရွက်သွားမည်ဟု Gilead ပြောကြားထားသည်။
Remdesivir ကို တစ်ကမ္ဘာလုံးအတွက် ထုတ်လုပ်ပေးနိုင်ရန် ကုန်ကြမ်းများ ရရှိရန်နှင့် ထုတ်လုပ်ရေး စွမ်းရည် ပိုမိုကောင်းမွန်မှုတို့ လိုအပ်သောကြောင့် ထုတ်လုပ်မှု မိတ်ဖက်များ စုပေါင်းပြီး လုပ်ငန်းစုကြီး တည်ထောင်ရေး ဆောင်ရွက်နေကြောင်း Gilead က ဆိုခဲ့သည်။
ကုလသမဂ္ဂ၏ ယူနီဆက်ဖ်နှင့်ပူးပေါင်းပြီး ယူနီဆက်ဖ်၏ ဖြန့်ချိရေးကွန်ရက်ကို အသုံးပြု၍ Remdesivir ကို တစ်ကမ္ဘာလုံး ဖြန့်ဖြူးပေးရန် ဆွေးနွေးနေကြောင်းလည်း Gilead က ပြောကြားခဲ့သည်။
ဂျပန်တွင် COVID-19 လူနာများကို Remdesivir နှင့် ကုသရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုပေးဖွယ် ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
