ဘိုင်ယန်မြူးနစ်အသင်းသည် မန်စီးတီးအသင်းမှ ဂျာမနီတောင်ပံကစားသမား ဆာနေးကို ဘွန်ဒစ်လီဂါစံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သည့် ယူရိုသန်း (၁၁၀)ဖြင့် ခေါ်ယူရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ဖော်ပြခဲ့သည်။ ထို့ပြင် ဘိုင်ယန်မြူးနစ်အသင်းသည် အေဂျက်စ်တောင်ပံကစားသမား ဇီယာ့ရှ် နှင့် ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်တို့ကိုပါ စိတ်ဝင်စားနေကြောင်း သိရသည်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်း၏ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းသည် ဆာနေးအား ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီး ယူရိုသန်း (၁၁၀) ဖြင့် ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဘွန်ဒစ်လီဂါသမိုင်းတွင် ပြောင်းရွှေ့ကြေးအများဆုံးကစားသမားမှာ ဘိုင်ယန်မြူးနစ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ် ဖြစ်ပြီး ယူရိုသန်း (၈၀) ဖြင့် စံချိန်တင်ထားခြင်းဖြစ်သည်။
ဆာနေးသည် ဘိုင်ယန်မြူးနစ်၌ တစ်နှစ်လစာ ယူရို (၁၈) သန်းရမည်ဖြစ်ရာ ဘွန်ဒစ်လီဂါတွင် လစာအများဆုံးရ ကစားသမားအဖြစ်ပါ စံချိန်တင်မည်ဖြစ်ပြီး ကျောနံပါတ် (၁၀) အကျႌကိုဝတ်ဆင်မည်ဖြစ်ကြောင်း ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ဖော်ပြခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဆာနေးအား ခေါ်ယူရန် နီးစပ်နေပြီဖြစ်သော်လည်း အေဂျက်စ်တောင်ပံကစားသမား ဇီယာ့ရှ်နှင့် ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဘေးလ်ကိုပါ စိတ်ဝင်စားနေကြောင်း သိရသည်။
ဇီယာ့ရှ်သည် ဥရောပထိပ်သီးအသင်းများသို့ ပြောင်းရွှေ့လိုနေပြီး ၎င်း၏တန်ကြေးမှာ ယူရို (၃၅) သန်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဘိုင်ယန်မြူးနစ်အသင်းသည် ရီးယဲလ်အသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် ဘေးလ်ကိုလည်း အငှားဖြင့်ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
