စပါးအသင်းနည်းပြဟောင်း ဟယ်ရီရက်နက်ပ်က အဓိကကစားသမား ဟာဇက်ကို ဆုံးရှုံးထားသည့် ချယ်လ်ဆီးအသင်းအနေဖြင့် ရာသီသစ်တွင် အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
စပါးအသင်းနည်းပြဟောင်း ဟယ်ရီရက်နက်ပ်က အဓိကကစားသမား ဟာဇက်ကို ဆုံးရှုံးထားသည့် ချယ်လ်ဆီးအသင်းအနေဖြင့် ရာသီသစ်တွင် အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီတွင် ယူရိုပါလိဂ်ဖလားချန်ပီယံဆုနှင့် ပရီးမီးယားလိဂ်တွင် အဆင့် (၃) နေရာရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် ဆာရီကို ဂျူဗင်တပ်စ်အသင်းထံသို့ ပြောင်းရွှေ့ခွင့်ပေးခဲ့ပြီး နည်းပြသက်တမ်းတစ်နှစ်သာ ရှိသေးသည့် အသင်းကွင်းလယ်လူဟောင်း လမ်းပတ်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့သည်။
သို့သော် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်း၏ အဓိကကစားသမားဖြစ်သူ ဟာဇက်မှာ ရီးယဲလ်မက်ဒရစ်အသင်းသို့ ယူရိုသန်း (၁၀၀) ဖြင့် ပြောင်းရွှေ့သွားခဲ့သလို၊ ချယ်လ်ဆီးအသင်းအနေဖြင့် အပြောင်းအရွှေ့ကာလနှစ်ခု ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရသည့်အတွက် နာမည်ကျော်ကစားသမားများကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိပေ။
ထို့ကြောင့် ဟယ်ရီရက်နက်ပ်က ၎င်း၏တူဖြစ်သူ လမ်းပတ်အနေဖြင့် ချယ်လ်ဆီးနည်းပြအဖြစ် ပထမဆုံးရာသီမှာပင် အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။
ဟယ်ရီရက်နက်ပ်က "လာမယ့် ၂၀၁၉-၂၀ ဘောလုံးရာသီဟာ လမ်းပတ်အတွက် ခက်ခဲတဲ့ရာသီတစ်ခု ဖြစ်လာပါလိမ့်မယ်။ လမ်းပတ်ကို ချယ်လ်ဆီးအသင်းနည်းပြအဖြစ် မြင်တွေ့ရတာ ဝမ်းသာပါတယ်။ လမ်းပတ်ဟာ ချယ်လ်ဆီးအတွက် ရေရှည်မှာ အကျိုးပြုနိုင်မယ့် နည်းပြဖြစ်ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းဟာ ဟာဇက်ကို ဆုံးရှုံးခဲ့ရတာကြောင့် ရာသီသစ်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ သေချာပါတယ်။ တကယ်လို့ ပရီးမီးယားလိဂ်မှာ အဆင့် (၄) အတွင်း ဝင်ခဲ့မယ်ဆိုရင်တော့ ဒါဟာ ချယ်လ်ဆီးအသင်းအတွက် အောင်မြင်မှုလို့ ပြောနိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁) အဖြစ် သြဂုတ်လ (၁၁) ရက်နေ့တွင် မန်ယူအသင်းကို အဝေးကွင်း၌ သွားရောက်ရင်ဆိုင်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
