အင်တာမီလန်အသင်းသည် ဖရန့်ဖတ်တိုက်စစ်မှူး ရယ်ဘစ်ကိုခေါ်ယူရန် စီစဉ်နေကြောင်း အီတလီအားကစားသတင်းစာ Tuttosport က ဖော်ပြခဲ့သည်။
အင်တာမီလန်အသင်းသည် ဖရန့်ဖတ်တိုက်စစ်မှူး ရယ်ဘစ်ကိုခေါ်ယူရန် စီစဉ်နေကြောင်း အီတလီအားကစားသတင်းစာ Tuttosport က ဖော်ပြခဲ့သည်။
အင်တာမီလန်အသင်းသည် မန်ယူအသင်းတိုက်စစ်မှူး လူကာကူကိုခေါ်ယူရန် စီစဉ်နေပြီး မအောင်မြင်ခဲ့ပါက ရယ်ဘစ်ကို အစားထိုးခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ အင်တာမီလန်အသင်း၏ တိုက်စစ်တွင် အီကာဒီနှင့် လော်တာရိုမာတီနက်ဇ်တို့ (၂) ဦးသာ ရှိပြီး အသင်းနည်းပြ ကွန်တီက အီကာဒီမှာ အသင်း၏အနာဂတ်အစီအစဉ်များတွင် မပါဝင်ကြောင်း ဆိုထားသည်။
ထို့ကြောင့် အင်တာမီလန်အသင်းသည့် လာမည့် ၂၀၁၉-၂၀ ရာသီအတွက် တိုက်စစ်ကစားသမားတစ်ဦး ခေါ်ယူရန် စီစဉ်နေပြီး လက်ရှိတွင် ရယ်ဘစ်အား ခေါ်ယူရန် ကစားသမား၏ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေပြီဖြစ်ကြောင်း Tuttosport က ဖော်ပြခဲ့သည်။
အသက် (၂၅) နှစ်အရွယ်ရှိ ခရိုအေးရှားလက်ရွေးစင် ရယ်ဘစ်သည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက ဖရန့်ဖတ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၅) ပွဲတွင် (၁၀) ဂိုး သွင်းယူခဲ့သည်။
ဖရန့်ဖတ်အသင်းနှင့် ရယ်ဘစ်၏ လက်ရှိစာချုပ်မှာ ၂၀၂၂ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်ပြီး အင်တာမီလန်အသင်းအနေဖြင့် ရယ်ဘစ်အတွက် ယူရိုသန်း (၄၀) အထိ အသုံးပြုရဖွယ်ရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
