Top News

ဒီဘားလားအတွက် စပါးအသင်း၏ ယူရိုသန်း (၇၀)ဖြင့် ကမ်းလှမ်းမှုကို ဂျူဗင်တပ်စ်အသင်း လက်ခံ
24htopnews | December 2, 2024 3:12 PM CST

ဂျူဗင်တပ်စ်အသင်းသည် အသင်းတိုက်စစ်မှူး ဒီဘားလားအား ခေါ်ယူရန် စပါးအသင်း၏ ယူရိုသန်း (၇၀) ဖြင့် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်ကြောင်း Goal.com က ဖော်ပြခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် အသင်းတိုက်စစ်မှူး ဒီဘားလားအား ခေါ်ယူရန် စပါးအသင်း၏ ယူရိုသန်း (၇၀) ဖြင့် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်ကြောင်း Goal.com က ဖော်ပြခဲ့သည်။

စပါးအသင်းသည် လက်ရှိတွင် အပြောင်းအရွှေ့ကိစ္စအတွက် ဒီဘားလားနှင့် ဆွေးနွေးရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။ 

အသက် (၂၅) နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားသည် ၂၀၁၅ ခုနှစ်တွင် ပါလာမိုအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ယူရို (၃၂) သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး အသင်းနှင့်အတူ (၄) ရာသီအတွင်း ဆုဖလား (၉) လုံးအထိ ရယူကာ ပြိုင်ပွဲစုံ (၁၈၂) ပွဲတွင် (၇၈) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည်။

သို့သော် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ဂျူဗင်တပ်စ်အသင်းသို့ စီရော်နယ်လ်ဒို ရောက်ရှိလာပြီးနောက် ဒီဘားလားမှာ ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီတွင် ပြိုင်ပွဲစုံ (၄၂) ပွဲကစားရာ၌ (၁၀) ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 

ဒီဘားလားသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် ဆွေးနွေးခဲ့ပြီး နောက်ဆုံးတွင် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရသည်။

စပါးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အန်ဒွန်ဘီလီအပါအဝင် ကစားသမား (၄) ဦးကို ယူရိုသန်း (၇၀) အထိ အသုံးပြုကာ ခေါ်ယူထားသည်။  သို့သော် စပါးအသင်းသည် သြဂုတ်လ (၈) ရက်နေ့ အပြောင်းအရွှေ့မပိတ်မီ ကစားသမားသစ်များ ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ပြီး  ဒီဘားလားနှင့် ပုဂ္ဂိုလ်ရေး ဆွေးနွေးရန် လိုတော့ကြောင်း Goal.com က ဖော်ပြခဲ့သည်။

ထို့ပြင် စပါးအသင်းသည် ဘာစီလိုနာအသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုကိုလည်း အငှားဖြင့် ခေါ်ယူရန် နီးစပ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။


READ NEXT
Cancel OK