ကိုလံဘီယာဂန္ထဝင်ဘောလုံးသမားဟောင်း ဗယ်လ်ဒါရာမာက ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် နည်းပြမနှစ်သက်သည့် ကွင်းလယ်လူ ဟာမီးစ်ရိုဒရီဂွက်ဇ်ကို အသင်းမှ ထွက်ခွာခွင့်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။
ကိုလံဘီယာဂန္ထဝင်ဘောလုံးသမားဟောင်း ဗယ်လ်ဒါရာမာက ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် နည်းပြမနှစ်သက်သည့် ကွင်းလယ်လူ ဟာမီးစ်ရိုဒရီဂွက်ဇ်ကို အသင်းမှ ထွက်ခွာခွင့်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ ကိုလံဘီယာကွင်းလယ်လူ ဟာမီးစ်ရိုဒရီဂွက်ဇ်သည် ပြီးခဲ့သည့် ၂၀၁၇-၁၈နှင့် ၂၀၁၈-၁၉ ရာသီများတွင် ဘိုင်ယန်မြူးနစ်အသင်းသို့ အငှားသွားရောက် ကစားခဲ့ရသည်။
ဟာမီးစ်အနေဖြင့် ယခုနှစ်တွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြန်လည်ရောက်ရှိလာသော်လည်း နည်းပြဇီဒန်းမှာ ၄င်းကို ကြိုက်နှစ်သက်ခြင်းမရှိကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။
ထို့ကြောင့် ဗယ်လ်ဒါရာမာက ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် နည်းပြမကြိုက်သည့် ကစားသမားတစ်ဦးကို အသင်းတွင် ဆက်မထိန်းထားသင့်ဘဲ အသင်းပြောင်းရွှေ့ခွင့်ပေးသင့်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗယ်လ်ဒါရာမာက ''ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ဟာမီးစ်ရိုဒရီဂွက်ဇ်ကို တခြားအသင်းသို့ ပြောင်းရွှေ့ခွင့်ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ နည်းပြက သူ့ကိုမကြိုက်လို့ပါပဲ။ တကယ်လို့ ဟာမီးစ်သာ ရီးယဲလ်မက်ဒရစ်မှာ ဆက်နေမယ်ဆိုရင် သူဟာ ပွဲကစားခွင့်ရမှာမဟုတ်ပါဘူး။ ဟာမီးစ်ရိုိဒရီဂွက်ဇ် ရီးယဲလ်မက်ဒရစ်အသင်းကို စရောက်တုန်းက ပရိသတ်တွေဟာ အောင်ပွဲခံခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ နည်းပြက သူ့ကိုမကြိုက်ပါဘူး။ ပရိသတ်တွေ ဘယ်လောက်ကြိုက်ကြိုက် ပွဲထွက်ကစားသမားကို နည်းပြကပဲ ရွေးချယ်တာပါ။ ဒီတော့ ပွဲကစားခွင့်မပေးနိုင်တဲ့ ကစားသမားတစ်ယောက်ကို အသင်းက ထွက်ခွာခွင့်ပေးလိုက်တာ ပိုကောင်းပါတယ်" ဟု ဆိုခဲ့သည်။
ဟာမီးစ်ရိုဒရီဂွက်ဇ်အား ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်း၏ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းနှင့် စီးရီးအေကလပ် နာပိုလီအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
