လီဗာပူးလ်ဂန္ထဝင်နောက်ခံလူဟောင်း လော်ရန်ဆန်က ရီးယဲလ်မက်ဒရစ်အသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် ဂါရတ်ဘေးလ်အားခေါ်ယူရန် လီဗာပူးလ်အသင်းကို တိုက်တွန်းခဲ့သည်။
လီဗာပူးလ်ဂန္ထဝင်နောက်ခံလူဟောင်း လော်ရန်ဆန်က ရီးယဲလ်မက်ဒရစ်အသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် ဂါရတ်ဘေးလ်အားခေါ်ယူရန် လီဗာပူးလ်အသင်းကို တိုက်တွန်းခဲ့သည်။
အသက် (၃၀)နှစ်အရွယ်ရှိ ဂါရတ်ဘေးလ်သည် တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့မည့်ကိစ္စပျက်ပြယ်ခဲ့ပြီးနောက် ရီးယဲလ်အသင်း၌ပင် ဆက်ရှိနေသူဖြစ်သည်။
လော်ရန်ဆန်က ဘေးလ်မှာ လီဗာပူးလ်အသင်းကို ပိုမိုတိုးတက်စေမည်ဟု ယုံကြည်နေပြီး ၄င်းကိုခေါ်ယူရန် ကလော့ပ်အား တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
လော်ရန်ဆန်က ''ယာဂန်ကလော့ပ်သာဆိုရင် ဘေးလ်ဆီကနေ အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ယူနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြဿနာက လီဗာပူးလ်အသင်းရဲ့ တိုက်စစ် (၃)ယောက်တန်းမှာ ဘေးလ် အဆင်ပြေ၊ မပြေ ဆိုတာပါပဲ။ ဒါပေမဲ့ ဘေးလ်ကို တိုက်စစ် (၃)ယောက်နောက်က ကွင်းလယ်ဘယ်ဘက်မှာ ထားကစားမယ်ဆိုရင်လည်း သူဟာအကောင်းဆုံး ခြေစွမ်းပြနိုင်ပါလိမ့်မယ်။ ဘေးလ်ဟာ ပါရမီရှိတဲ့ ကစားသမားကောင်းတစ်ဦးပါ။ အခုအချိန်မှာ ဘေးလ်လိုအပ်နေတာက ချစ်ခြင်းမေတ္တာဖြစ်ပြီး ကလော့ပ်က အဲဒီအရာကို ပေးနိုင်တဲ့နည်းပြဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဘေးလ်နဲ့ ကလော့ပ်ဟာ အလွန်လိုက်ဖက်ညီမယ့် အတွဲလို့မြင်ပါတယ်'' ဟု ပြောကြားခဲ့သည်။
ဝေးလ်စ်လက်ရွေးစင် ဘေးလ်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် နည်းပြဇီဒန်းနှင့် ဆက်ဆံရေးပြိုကွဲနေသူဖြစ်ပြီး ရီးယဲလ်အသင်းသည် ၄င်းကို ရောင်းချရန် စီစဉ်နေသော်လည်း လစာငွေနှင့် ပြောင်းရွှေ့ကြေးမြင့်မားမှုများကြောင့် အခက်တွေ့လျက် ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
