ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဓာတ်ဆီတစ်လီတာ ကျပ် ၁၂၀၀၀ နှင့် ဘိလပ်မြေ တစ်အိတ် ကျပ် ၆၀၀၀၀ အထက်အထိ စျေး တက်လာပြီးနောက် ဆောက်လုပ်ရေးအပါအဝင် လုပ်ငန်းအချို့ ရပ်နားထားရကြောင်း ဒေသခံများက ပြောကြားသည်။
“ဆောက်လုပ်ရေးလုပ်ငန်း အတော်များများနားကုန်ပြီ။ ဒီအခြေအနေက ဒီထက်ဆိုးစရာရှိတယ်။ တရုတ်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေ သူ့စကား နားမထောင်မချင်းဆိုရင် လပိုင်းလောက်ကြာမယ်။ ကြက်သား တစ်ပိဿာ လေးသောင်း၊ ဝက်သားတစ်ပိဿာ ခြောက်သောင်းကျော်နဲ့ဆိုတော့ ပြည်သူအတွက်က အဆင်မပြေဘူး။ အောက်ပြည် ကနေ ပြောင်းလာတဲ့သူတွေလည်း အိမ်ရောင်းပြီး ပြန်နေကြတာတွေရှိတယ်” ဟု မြစ်ကြီးနား မြို့မှ ပန်းရန်လုပ်ငန်း ဦးဆောင်နေသူတစ်ဦး က ဆိုသည်။
ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့တွင် သာမက မိုးကောင်း၊ မိုးညှင်း၊ ဟိုပင်၊ ဖားကန့် ဒေသတွင်းအထိပါ လောင်စာဆီကို ဆိုင်ကယ် များဖြင့်သာ သယ်ယူပို့ဆောင်နေရသည့် အ ခြေအနေဖြစ်ကြောင်း သိရသည်။
“တရုတ်ကလည်း ပေးမဝင်ဘူး။ အောက် ပိုင်းကလည်း ကားနဲ့မလာနိုင်ဘူး။ အဲဒါကြောင့် ပြတ်ကုန်တာ။ လက်နက်ကိုင်အဖွဲ့တွေက လည်း တစ်ရွာတစ်ဖွဲ့လောက် ကောက်နေတော့ အဆင်မပြေတော့ဘူးလေ။ သိန်း ၁၀၀ ကျော် တယ် လမ်းကြေးက။ အခုက တစ်လီတာ ၁၂၀၀၀ ကျော်ရင် လီတာပြည့်တယ်။ ပိုင်ရှင်က တော့ မြတ်အောင်ကစားရတာပဲ။ အဲဒီအောက် ဆိုရင် လီတာမပြည့်ဘူး။ လမ်းဘေးက တစ် သောင်းခွဲစျေးရှိတယ်” ဟု ဆီဆိုင်ပိုင်ရှင်တစ် ဦးက ပြောကြားသည်။
လက်နက်ကိုင်အဖွဲ့များက အင်းတော် မြို့ရှိ တပ်မတော်စခန်းကို သြဂုတ် ၁၆ ရက် မှစတင်တိုက်ခိုက်ခဲ့ပြီး မြို့တွင်းကို ဖြတ်သန်း ထားသည့် အဓိက ကတ္တရာလမ်းမကြီးကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ကွင်းလမ်းများကို အသုံးပြုနိုင်သော်လည်း ရွာချင်းဆက်လမ်း သာဖြစ်ခြင်း ၊မြေသားလမ်းဖြစ်နေခြင်း၊ ကျဉ်း ခြင်းတို့ကြောင့် ကားငယ်များသာ သွားလာ နိုင်သည့် အခြေအနေဖြစ်ကြောင်း သိရသည်။
KIA က ပန်ဝါမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်မှ စတင် ကာ တရုတ်နယ်စပ်မှ ဂိတ်များအားလုံးကို ပိတ်ထားခြင်းကြောင့်လည်း တရုတ်ဘက်မှ ဝင်လာသည့် စားသောက်ကုန်များ ရပ်တန့် သွားခဲ့ခြင်းဖြစ်သည်။
--------
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
