ဂျူဗင်တပ်စ်အသင်းသည် ကွင်းလယ်ကစားသမား ဒူးဂလပ်စ်လူးဝစ်ဇ်အား မန်ယူတိုက်စစ်ကစားသမား ဇက်ဇီနှင့် အလဲအထပ်ပြုလုပ်ရန်စဉ်းစားနေကြောင်း CalcioMercato.com က ဖော်ပြခဲ့သည်။
အသက် (၂၆) နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်ကစားသမား ဒူးဂလပ်စ်လူးဝစ်ဇ်သည် ပြီးခဲ့သည့်နွေကမှ အက်စတွန်ဗီလာအသင်းမှ ဂျူဗင်တပ်စ်အသင်းထံသို့ ယူရိုသန်း (၅၀) ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် ဂျူဗင်တပ်စ်အသင်းတွင် ရုန်းကန်နေရပြီး ယခုရာသီပြိုင်ပွဲစုံ (၃၁၂) မိနစ်သာ ကစားထားရကာ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးသလို၊ ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခြင်း မရှိသေးပေ။
ထို့ပြင် ဒူးဂလပ်စ်လူးဝစ်ဇ်သည် အောက်တိုဘာလကတည်းက ကြွက်သားဒဏ်ရာကြောင့် အသင်းအတွက် ကစားနိုင်ခြင်းမရှိသေးပေ။
ယခုအခါ ဂျူဗင်တပ်စ်အသင်းသည် ဒူးဂလပ်စ်လူးဝစ်ဇ်အပေါ် စိတ်ကုန်လာပြီး လာမည့်ဇန်နဝါရီတွင် မန်ယူတိုက်စစ်ကစားသမား ဇက်ဇီနှင့် အလဲအထပ်ပြုလုပ်ရန် စဉ်းစားလာခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည့် နယ်သာလန်တိုက်စစ်ကစားသမား ဇက်ဇီအား ခေါ်ယူရန် စီးရီးအေကလပ်များ စိတ်ဝင်စားနေကြပြီး ဂျူဗင်တပ်စ်အသင်းသည် ထိပ်ဆုံးမှ ပါဝင်နေကြောင်း သိရသည်။
ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းကွင်းလယ်ကစားသမား ဒူးဂလပ်စ်လူးဝစ်ဇ်အား ဇက်ဇီနှင့် အလဲအထပ်ပြုလုပ်ရန်အတွက် မန်ယူအသင်းထံ ကမ်းလှမ်းဖွယ်ရှိကြောင်း သိရှိရသည်။
ဂျူဗင်တပ်စ်တွင် ရုန်းကန်နေရသည့် ဒူးဂလပ်စ်လူးဝစ်ဇ်အား အသင်းဟောင်း အက်စတွန်ဗီလာကလည်း ပြန်လည်ခေါ်ယူလိုနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
