Top News

လီဗာပူးလ် ၂-၀ မန်စီးတီးပွဲမှ ပထမပိုင်းကစားပုံမှာ လူကြီးနှင့်ကလေး ယှဉ်ပြိုင်ကစားသလိုဖြစ်ခဲ့သည်ဟု ဂယ်ရီနဗီးလ် ဝေဖန်
24htopnews | December 2, 2024 4:12 PM CST

ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်က လီဗာပူးလ် ၂-၀ မန်ယူပွဲမှ ပထမပိုင်းကစားပုံမှာ လူကြီးနှင့်ကလေး ယှဉ်ပြိုင်ကစားသလိုဖြစ်ခဲ့သည်ဟု ဝေဖန်ခဲ့သည်။

လီဗာပူးလ်အသင်းသည် ပထမပိုင်းတွင် မန်စီးတီးအသင်းကို တစ်ဖက်သတ်အသာစီးယူကစားနိုင်ခဲ့သည့်အတွက် ဂယ်ရီနဗီးလ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

အချက်အလက်မှတ်တမ်းများအရ ပထမပိုင်းတွင် လီဗာပူးလ်အသင်းက ဂိုးသွင်းခွင့် (၁၀)ကြိမ်ရရှိခဲ့ပြီး မန်စီးတီးအသင်းက (၁)ကြိမ်သာရရှိခဲ့သည်။

လီဗာပူးလ်အသင်းက ဂိုးပေါက်တည့်အခွင့်အရေး (၄)ကြိမ်ရရှိခဲ့ပြီး မန်စီးတီးအသင်းက တစ်ကြိမ်မျှ မရရှိခဲ့ပေ။

မန်စီးတီးအသင်းသည် (၁)ကြိမ်တည်းသော ဂိုးသွင်းခွင့်ကို ပွဲချိန်(၃၉)မိနစ်ရောက်မှ ရရှိခဲ့သောကြောင့် ၂၀၁၀ ဧပြီလက ယှဉ်ပြိုင်ကစားခဲ့သော အာဆင်နယ်နှင့် ပွဲတွင် ပွဲချိန်(၅၈)မိနစ်ရောက်မှ ဂိုးသွင်းခွင့်ရရှိခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံး တိုက်စစ်ကစားပုံဖြစ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဂယ်ရီနဗီးလ်က Sky Sports တွင် တင်ဆက်မှုပြုလုပ်ရာ၌ လူကြီးနှင့် ကလေး ကစားသလိုဖြစ်ခဲ့သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း လီဗာပူးလ်အသင်းသည် အလွန်အားကောင်းသည့်ပုံစံဖြင့် ပွဲကို အစပြုနိုင်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။


READ NEXT
Cancel OK