နော်တင်ဟမ်တိုက်စစ်မှူး ခရစ္စဝုဒ်သည် ကလပ်အသင်းနှစ်သင်း၏ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာပြီး အလန်ရှီးယား၏စံချိန်ကို လိုက်မီခဲ့ကြောင်း သိရသည်။
ခရစ္စဝုဒ်သည် အစ်ဝစ်ချ်နှင့်ပွဲတွင် နောတင်ဟမ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပယ်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ပြီး ယင်းဂိုးမှာ နော်တင်တမ်အသင်းအတွက် ၎င်း၏ (၂၄) ဂိုးမြောက် ပရီးမီး ယားလိဂ်သွင်းဂိုးဖြစ်ပြီး အသင်းသမိုင်း တစ်လျှောက် ဂိုးသွင်းအများဆုံး စံချိန်တင်ထားသည့် ဘရိုင်ယန်ရွိုင်း၏ ဂိုးအရေအတွက်နှင့် တူညီသွားပြီဖြစ်သည်။
ခရစ္စဝုဒ်သည် ဘန်လေအသင်းအတွက်လည်း ပရီးမီးယားလိဂ်ဂိုး (၄၉) ဂိုးသွင်းယူပေးခဲ့ပြီး ဂိုးအများဆုံးအဖြစ် ရပ်တည်နေခြင်းကြောင့် မတူညီသည့် ကလပ်အသင်းနှစ်သင်းအတွက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ ထို့ ကြောင့် ဘလက်ဘန်းနှင့် နယူးကာဆယ်အသင်းအတွက် ပရီးမီးယားလိဂ် ဂိုးအများဆုံးသွင်းယူပေးခဲ့သည့် အလန်ရှီးယား၏စံချိန်ကို လိုက်မီခဲ့ခြင်း ဖြစ်သည်။
အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားသည် ပရီးမီးယားလိဂ်တွင် ဘလက်ဘန်းအတွက် (၁၁၂)ဂိုး၊ နယူးကာဆယ်အတွက် (၁၄၈)ဂိုး သွင်းယူခဲ့ပြီး စုစုပေါင်း သွင်းဂိုး(၂၆၀) ဖြင့် ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး အဖြစ်လည်း စံချိန်တင်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
