ဘာစီလိုနာအသင်းတည်ထောင်ခြင်း ၁၂၅ နှစ်ပြည့်အခမ်းအနားကို ဘာစီလိုနာမြို့ရှိ နာမည်ကျော် Grand Teatre del Liceu ပြဇာတ်ရုံတွင် ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ပြီး လာဘ်ကောင်အရုပ်သစ်ဖြစ်သည့် "CAT" ကို မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်း၏ ၁၂၅ နှစ်ပြည့် အခမ်းအနားတွင် အားကစားများနှင့် နယ်ပယ် အသီးသီးမှ ထင်ရှားကျော်ကြားသူများအပါ အဝင် ပရိသတ် ၂၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြသည်။ ဘာစီလိုနာအသင်းကို ဆွစ်ဇာလန်နိုင်ငံဖွား ဘောလုံးအမှုဆောင်ဖြစ်သူ ယိုအန်ဂမ်ပါက ၁၈၉၉ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် သက်တမ်း ၁၂၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
စီလိုနာအသင်းသည် ဥရောပနှင့် ကမ္ဘာ့ထိပ်တန်း ဘောလုံးအသင်းဖြစ်သလို အမျိုးသမီးဘောလုံး၊ ဖူဆယ်၊ ဘက်စကတ်ဘော၊ Handball၊ ရေခဲပြင်ဟော်ကီ၊ ဟော်ကီ၊ ဘော်လီဘော၊ ရပ်ဘီ၊ Esports စသည့် အားကစားအသင်းများစွာကိုလည်း ဖွဲ့စည်းတည် ထောင်ထားနိုင်ပြီဖြစ်သည်။ ယင်းအခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသည့် ကစားသမားဟောင်း မက်ဆီ၊ ပူယိုးလ်၊ အင်နီ ယေစတာ၊ အယ်လ်ဘာ၊ ဆွာရက်ဇ်၊ နေမာ၊ နည်းပြဟောင်း ဂွါဒီယိုလာတို့အပါအဝင် နာမည်ကျော်ပုဂ္ဂိုလ်များစွာကလည်း ဗီဒီယိုမက်ဆေ့ချ်ပေးပို့၍ ဂုဏ်ပြုစကားပြောကြားပေးခဲ့သည်။
ထို့နောက် အံ့အားသင့်ဖွယ်အဖြစ်"CAT" ဟု အမည်ပေးထားသည့် လာဘ်ကောင်အရုပ်သစ်ကို မိတ်ဆက်ကြေညာခဲ့ ကြောင်း သိရသည်။ ချစ်စဖွယ်ကြောင်လေး ဖြစ်သည့် "CAT" ကို Grangel Brothers အဖွဲ့က ဖန်တီးထားခြင်းဖြစ်ပြီး ဥက္ကဋ္ဌ လာပေါ်တာနှင့်အတူ ကြယ်ပွင့်ကစားသမား ဂါဗီ နှင့် ယမားလ်တို့က မိတ်ဆက်ပေးခဲ့သည်။ ထို့ပြင် ၁၂၅ နှစ်ပြည့်အထိမ်းအမှတ် တရားဝင်သီချင်းအဖြစ် အနိုင်ရသည့်သီချင်းအမည်ကို ယင်းအခမ်းအနားတွင် ကြေညာခဲ့ကြောင်း သိရသည်။
နောက်ဆုံးဆန်ခါတင်သီချင်း သုံးပုဒ်အနက် L'escut al pit သီချင်းက ဘာစီလိုနာအသင်းအဖွဲ့ဝင်များ၏ မဲပေးမှု ၆၃ ရာခိုင်နှုန်းဖြင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းသည် အသင်းတည်ထောင်သည့် ၁၂၅ နှစ်အတွင်း လာလီဂါချန် ပီယံ ၂၇ ကြိမ်၊ စပိန်ဘုရင့်ဖလား ၃၁ ကြိမ်၊ စပိန်စူပါဖလား ၁၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ငါးကြိမ်၊ UEFA Cup Winners' Cup လေး ကြိမ်၊ ဥရောပစူပါဖလား ငါးကြိမ်၊ ကလပ် ကမ္ဘာ့ဖလား သုံးကြိမ် ဆွတ်ခူးရယူနိုင်ခဲ့သည်။ ၎င်းတို့အနက် စပိန်ဘုရင့်ဖလား၊ စပိန်စူပါဖလား၊ UEFA Cup Winners' Cup စသည့် ပြိုင်ပွဲများတွင် အအောင်မြင်ဆုံးအဖြစ် စံချိန်တင်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
