Top News

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်သည် ဒယ်တာမျိုးကွဲဗိုင်းရပ်စ်လောက် ပြင်းထန်မှုမရှိဘဲ ဆေးရုံတက်ရမှု လျော့နည်းသည်ဟု အမေရိကန်လေ့လာချက်တစ်ခုတွင် ဖော်ပြ
24htopnews | December 2, 2024 5:12 PM CST

ပြည်သူတို့၏ ရောဂါခံနိုင်ရည်ရှိမှု စွမ်းရည်များတိုးလာစေရန် ထိန်းချုပ်လုပ်ဆောင်ခဲ့ပြီးနောက် ကိုရိုနာပေါ့စတစ်ဖြစ်သူ ၇၀,၀၀၀ နီးပါးကို အမေရိကန် ကနဦးလေ့လာချက်၌ အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရမှုနှင့် သေဆုံးမှုအန္တရာယ် သိသိသာသာလျော့ကျစေသည်ကိုတွေ့ရသည်ဟု ဖော်ပြထားသည်။

အိုမီခရွန်ကူးစက်ခံရသူများထဲက တစ်ဝက်မှာ ဆေးရုံတက်ရောက်ရန် ဖြစ်နိုင်ခြေများကာ ၎င်းတို့ထဲက ၇၅ ရာခိုင်နှုန်းမှာ အရေးပေါ်တက်ရန် ဖြစ်နိုုင်ခြေ ၇၅ ရာခိုင်နှုန်းလျော့နည်းပြီး ယခင်က အဖြစ်များခဲ့သော ဒယ်တာမျိုးကွဲဗိုင်းရပ်စ်ကူးစက်ခံရသည့် အနေအထားနှင့်နှိုင်းယှဉ်ပါက သေဆုံးရန် ဖြစ်နိုင်ခြေ ၉၀ ရာခိုင်နှုန်းလျော့နည်းသည်ဟု ယင်းလေ့လာချက်က ဆိုသည်။

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၂,၀၀၀ တွင် အသက်ရှူထောက်ကူကိရိယာ တပ်ဆင်ရသူမရှိဟုဆိုသည်။ ဒယ်တာမျိုးကွဲဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇,၀၀၀ နီးပါးတွင် လူ ၁၁ ဦး အသက်ရှူထောက်ကူကိရိယာ တပ်ဆင်ခဲ့ရပုံနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်ဟု လေ့လာချက်တွင် ဖော်ပြထားသည်။

ဒယ်တာကူးစက်ခံရစဉ်က ဆေးရုံငါးရက်တက်ရသော်လည်း အိုမီခရွန်ကူးစက်ခံရသူများမှာ ဆေးရုံ တစ်ရက်ခွဲသာတက်ရသည်ဟု ဆိုသည်။ အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၀ ရာခိုင်နှုန်းခန့်မှာ သုံးရက် သို့မဟုတ် ရက်အနည်းငယ်အတွင်း ဆေးရုံမှ ဆင်းကြရသည်ဟု ဆိုသည်။

ယခုလေ့လာချက်ကို Kaiser Permanente Southern California ဆေးရုံအုပ်စုက လုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆေးရုံအုပ်စုသည် ဒယ်တာနှင့် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်နှစ်မျိုး ကျယ်ကျယ်ပြန့်ပြန့် ကူးစက်မှုဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ အတွင်း လူ ၄.၇ သန်းဝန်းကျင်ကို ကုသပေးခဲ့သည်။

ယခုလေ့လာချက်သည် တောင်အာဖရိကနှင့် ဗြိတိန်တို့အပါအဝင် အခြားနိုင်ငံများမှ လူဦးရေအဆင့်လိုက် သုတေသနများကို စုစည်းလေ့လာခြင်းဖြစ်သော်လည်း တိရစ္ဆာန်နှင့် လူ့တစ်ရှူးအခြေပြုစစ်ဆေးမှုတို့ကိုလည်း အခြေပြုလေ့လာထားခြင်းဖြစ်သည်။ လူ့တစ်ရှူးအခြေပြုစစ်ဆေးမှုဆိုသည်မှာ အဆုပ်များနှင့် နှိုင်းယှဉ်ပါက ခန္ဓာကိုယ်အပေါ်ပိုင်းအသက်ရှူလမ်းကြောင်းများတွင် အိုမီခရွန် ပိုမိုကောင်းမွန်စွာ ပွားများသည်ကို တွေ့ရသော စစ်ဆေးမှုဖြစ်သည်။

ပညာရှင်များ လေ့လာရန် ထုတ်ပြန်ပေးခြင်းမပြုသေးသော လေ့လာချက်အသစ်ကို ဘာကလေရှိကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီများ၊ Kaiser Permanente မှ သုတေသီများနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနများ (CDC) မှ သုတေသီများက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“ယခုလေ့လာချက်ဟာ အသက်၊ လိင်နဲ့ prior SARS-CoV-2 တို့လို အရေးပါတဲ့ ကန့်သတ်ချက်တွေအတွက် ထိန်းချုပ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်” ဟု CDC ညွှန်ကြားရေးမှူး ရိုရှဲလ်ဝါလန်စကီးက ဇန်နဝါရီ ၁၂ ရက် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ထို့ကြောင့် အိုမီခရွန်သည် ပင်ကိုအားဖြင့် ဒယ်တာထက်ပြင်းထန်မှု ပိုမိုလျော့နည်းကာ ပြင်းထန်လူနာများ လျော့နည်းခြင်းမှာ အချိန်ကြာလာသည်နှင့်အမျှ ကာကွယ်ဆေးထိုးနှံခံရသူ ပိုမိုများပြားလာခြင်းနှင့် ကူးစက်ခံရသူ ပိုမိုများပြာလာခြင်းဆိုသော ရလဒ်ကြောင့်မဟုတ်ဟု ဆိုသည်။     

 


READ NEXT
Cancel OK