တရုတ်သည် ၎င်း၏ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အားကစားဖြင့် ဆေးကြောခြင်း၊ အပေါ်ယံရွှေမှုန်ကြဲခြင်းတို့ဖြင့် မကြာခင်ကျင်းပတော့မည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အသုံးချနေသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့၏အကြီးအကဲက ဝေဖန်လိုက်ပြီး သံတမန်ရေးရာသပိတ်မှောက်ရာတွင် ပါဝင်ကြရန် နိုင်ငံများကို တိုက်တွန်းခဲ့သည်။
ရှန်ကျန်းပြည်နယ်က လူနည်းစု ဝီဂါမွတ်စလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအပါအဝင် တရုတ်၏ ကျယ်ကျယ်ပြန့်ပြန့်လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်ဟုဆိုကာ ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ကျင်းပမည့် အိုလံပစ်အားကစားပြိုင်ပွဲကို သံတမန်ရေးရာသပိတ်မှောက်သည်ဟု အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ကနေဒါတို့က ကြေညာခဲ့ကြသည်။
ရှန်ကျန်းပြည်နယ်က ကြမ်းကြုတ်ရက်စက်မှု တစ်ပုံတစ်ခေါင်းကိုလည်းကောင်း၊ ဟောင်ကောင်တွင် အခြေခံလွတ်လပ်ခွင့်များအား တရုတ်၏ဖိနှိပ်မှုကိုလည်းကောင်း မီးမောင်းထိုးပြရာတွင် အထောက်အကူရစေရန် အိုလံပစ်ပြိုင်ပွဲသို့ ထိပ်တန်းတာဝန်ရှိသူများ စေလွှတ်ခြင်းအား ရှောင်ကြဉ်ကြရန် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) အမှုဆောင်ဒါရိုက်တာ ကန်းနက်ရို့က ပြောကြားခဲ့သည်။
“တရုတ်အစိုးရဟာ ဆိုးရွားတဲ့ဖိနှိပ်မှုကို ဖုံးဖိဖို့ ဒါမှမဟုတ် အားကစားနဲ့ဆေးကြောဖို့ ပေကျင်းအိုလံပစ်ပြိုင်ပွဲကို အသုံးချဖို့ကြိုးစားနေတာ ရှင်းနေပါတယ်” ဟု HRW ၏ နှစ်ပတ်လည်အစီရင်ခံစာမထုတ်ပြန်မီ အေအက်ဖ်ပီသတင်းဌာနနှင့် တွေ့ဆုံရာတွင် ၎င်းက ပြောကြားခဲ့သည်။
“အားကစားသမားတွေ အိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်ဖို့ HRW က တောင်းဆိုနေတာမဟုတ်ပေမယ့်လည်း နိုင်ငံတွေအနေနဲ့အရာရာဟာ ပုံမှန်အနေအထားဖြစ်နေတယ်ဆိုတဲ့ ပုံစံမျိုးဟန်မဆောင်ကြဖို့ တောင်းဆိုနေတာဖြစ်ပါတယ်” ဟု ကန်းနက်ရို့က ပြောကြားခဲ့သည်။
“အနည်းဆုံးတော့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ အိုလံပစ်ပြိုင်ပွဲကို သံတမန်ရေးရာသပိတ်မှောက်ရာမှာ ပါဝင်သင့်ကြပါတယ်” ဟု ၎င်းက ပြောကြားသည်။
အိုလံပစ်ပြိုင်ပွဲကို ကမကထပြုပေးသော လုပ်ငန်းများလည်း သပိတ်မှောက်သင့်သည်ဟု ရို့က ပြောကြားသည်။
“ဒီအားကစားပြိုင်ပွဲဟာ ဖုံးဖိတဲ့လုပ်ရပ်ဖြစ်ပါတယ်လို့ကြေညာတာထက် ပြိုင်ပွဲစပွန် ဆာတွေအနေနဲ့ ရှန်ကျန်းက အဖြစ်အပျက်တွေကို မီးမောင်းထိုးပြသင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်အနောက်ဖျားဒေသတွင် အနည်းဆုံး ဝီဂါမွတ်စလင်တစ်သန်းနှင့် လူနည်းစုဖြစ်သည့် အခြားသောမွတ်စလင်အများစုသည် ပြန်လည်ပညာပေးရေးစခန်းများတွင် အကျဉ်းချခံထားရသည်ဟု စည်းရုံးလှုံ့ဆော်သူများက ပြောကြားလျက်ရှိသည်။
မွတ်စလင်အစွန်းရောက်ဝါဒအပေါ် စိတ်ပါဝင်စားမှုကို လျှော့ချရန် အဆိုပါစခန်းများကို အသက်မွေးဝမ်းကြောင်းဆိုင်ရာစင်တာများအဖြစ် ရည်ရွယ်သည်ဟု တရုတ်အစိုးရက ကာကွယ်ပြောဆိုခဲ့သည်။
သံခင်းတမန်ခင်းကိုကျော်လွန်လျက် ကုမ္ပဏီများအနေဖြင့် ရှန်ကျန်းက လူ့အခွင့်အရေးချိုးဖောက်မှုများကို အတိုက်အခံလုပ်ရာတွင် လူ့ကျင့်ဝတ်ဆိုင်ရာ အသိတရားကို ပိုင်ဆိုင်ထားကြသည်ဟု ရို့က ပြောကြားခဲ့သည်။
“တရုတ်အစိုးရရဲ့ဖိနှိပ်မှုကို တရားဝင်ဖြစ်စေတာမျိုး ဒါမှမဟုတ် ထောက်ခံတာမျိုးကို ကုမ္ပဏီတိုင်းရှောင်သင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
