တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ တရုတ်၏ ပြောကြားချက်များကို တရားမဝင်ကြောင်း ပယ်ချလိုက်သည့် အသေးစိတ်အကျဆုံး သုတေသနစာတမ်းတစ်စောင်ကို အမေရိကန်ပြည်ထောင်စုက ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အငြင်းပွားမှုများရှိနေသည့် အလွန်ကျယ်ပြန့်သော မြေပုံနှင့်ပတ်သက်ပြီးလည်း ပထဝီဝင်အရသာမက သမိုင်းကြောင်းဆိုင်ရာ အခြေခံအချက်များကိုလည်း အမေရိကန်က ပယ်ချခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဏ္ဏဝါသမုဒ္ဒရာများနှင့် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နှင့် သိပ္ပံဆိုင်ရာဌာနက ထုတ်ပြန်ခဲ့သည့် စာမျက်နှာ ၄၇ မျက်နှာပါရှိသော သုတေသနစာတမ်းတွင် တရုတ်၏ အခိုင်အမာပြောဆိုချက်များသည် နိုင်ငံတကာ ဥပဒေအရ ကျိုးကြောင်းဆီလျော်မှုမရှိကြောင်း ဖော်ပြထားသည်။ တရုတ်၏ ယင်းကဲ့သို့ ပြောဆိုချက်များကြောင့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်အပါအဝင် အခြားအရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်အကြား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။
“ပင်လယ်ရေကြောင်းနယ်နိမိတ်နဲ့ ပတ်သက်ပြီး ပြောကြားချက်တွေရဲ့ သက်ရောက်မှုကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် တရုတ်ဟာ တောင်တရုတ်ပင်လယ်ရဲ့ နယ်မြေအများစုနဲ့ပတ်သက်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်မှု ဒါမှမဟုတ် တစ်နည်းနည်းနဲ့ အထူးစီရင်ပိုင်ခွင့် ရှိနေတယ်လို့ တရားမဝင်ပြောဆိုနေခြင်း ဖြစ်ပါတယ်” ဟု ယင်းသုတေသန စာတမ်းတွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ ပြောကြားချက်များသည် ပင်လယ်သမုဒ္ဒရာများနှင့် ပတ်သက်သည့် တရားဥပဒေစိုးမိုးမှုနှင့် ၁၉၈၂ ခုနှစ် ပင်လယ်သမုဒ္ဒရာဥပဒေဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက်ပါ နိုင်ငံတကာအသိအမှတ်ပြု ပြဋ္ဌာန်းချက်များကို ဆိုးရွားစွာထိခိုက်စေသည်ဟုလည်း ၎င်းစာတမ်းတွင် ဖော်ပြခဲ့သည်။ ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ သဘောတူညီချက်တွင် တရုတ်က လက်မှတ်ရေးထိုးထားပြီး အမေရိကန် ပြည်ထောင်စုကမူ လက်မှတ်ရေးထိုးထားခြင်း မရှိပေ။
တရုတ်အနေဖြင့် တောင်တရုတ်ပင်လယ်ဒေသတွင် ဥပဒေနှင့် ဆန့်ကျင်သော နိုင်ထက်စီးနင်းအပြုအမူများကို ရပ်တန့်ရန်လည်း အဆိုပါစာတမ်းကို ထုတ်ပြန်ပြီးနောက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်းတိုက်တွန်းခဲ့သည်။
ယင်းသုတေသနစာတမ်းသည် ၂၀၁၄ ခုနှစ် လေ့လာချက်ကို ဖြည့်စွက်မွမ်းမံထားခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ် လေ့လာချက်တွင်လည်း တရုတ်က nine dash line ဟုခေါ်သော ပိုင်နက်မျဉ်းအား တစ်ဖက်သတ် သတ်မှတ်ခြင်းကို ကန့်ကွက်ခဲ့သည်။ တရုတ်ကမူ တောင်တရုတ်ပင်လယ်ဒေသကို သမိုင်းကြောင်းအရ ပိုင်ဆိုင်ခွင့်ရှိသည်ဟု အခိုင်အမာ ပြောဆိုထားသည်။
တရုတ်၏ ယင်းကဲ့သို့ပြောကြားချက်များသည် ဥပဒေနှင့် မညီညွတ်သကဲ့သို့ တိကျခိုင်မာမှု မရှိကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာတမ်းတွင် ဖော်ပြထားသည်။ ၎င်းပြောကြားချက်များသည် ပထဝီဝင် သဘောတရားအရ ကျိုးကြောင်းဆီလျော်မှု မရှိကြောင်းနှင့် တောင်တရုတ်ပင်လယ်တွင် တရုတ်က ထုတ်ဖော်ပြသခဲ့သည့် ပထဝီသွင်ပြင်လက္ခဏာ တစ်ရာကျော်သည် ဒီရေဖုံးလွှမ်းခံခဲ့ရသည့်အတွက် မည်သည့်နိုင်ငံ၏ ပင်လယ်ရေပိုင်နက်ထဲတွင်မှ ပါဝင်ခြင်းမရှိဟု ၎င်းစာတမ်းတွင် ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
