ဘာစီလိုနာလူငယ်နောက်ခံကစားသမား ဘယ်လ်ဒီသည် လက်စ်ပါမားစ်အသင်းအား အံ့အားသင့်ဖွယ် ရှုံးနိမ့်သည့်ပွဲတွင် ပြိုင်ဘက် လက်စ်ပါမားစ်တောင်ပံကစားသမား ဆန်ဒရိုရာမီရက်ဇ်နှင့် ထိခိုက်မိကာ ကွင်းအတွင်း သွေးအန်ခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် နိုဝင်ဘာ (၃၀) ရက်(စနေနေ့)က ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် လက်စ်ပါမားစ်အသင်းကို အိမ်ကွင်း၌ (၁-၂) ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် ဘာစီလိုနာအသင်း၏ ဘယ်တောင်ပံ၌ ပွဲထွက်ကစားခဲ့သည့် စပိန်လူငယ်နောက်ခံကစားသမား ဘယ်လ်ဒီ(၂၁ နှစ်)သည် ပွဲချိန် (၂၁)မိနစ် ၌ လက်စ်ပါမားစ်တောင်ပံကစားသမား ရာမီရက်ဇ်နှင့် ဘောလုံးယှဉ်လုရင်း ဆိုးဆိုးရွားရွားထိခိုက်မိခဲ့ခြင်းဖြစ်သည်။
လက်စ်ပါမားစ်တောင်ပံကစားသမား ရာမီရက်ဇ်သည် ဘောလုံးရယူရန် ပြေးဝင်လာသည့် ဘယ်လ်ဒီအား တားဆီးရန် ကြိုးပမ်းရာတွင် ဘယ်လ်ဒီ၏လည်ပင်းနှင့် ရင်ဘတ်ကို ပခုံးဖြင့် ဝင်ထောက်မိသလို ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
ဘယ်လ်ဒီသည် အဆိုပါထိခိုက်မှုကြောင့် ကွင်းအတွင်း လဲကျခဲ့ပြီး လည်ပင်းကိုအထောက်ခံရသဖြင့် အသက်ရှူကျပ်သလိုဖြစ်ပြီး ချောင်းဆိုးခဲ့သည်။
ယင်းသို့ ချောင်းဆိုးပြီးနောက် ဘယ်လ်ဒီသည် ကွင်းအတွင်း အန်ခဲ့ရာ သွေးများ ပါခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ဘာစီလိုနာဆေးအဖွဲ့သည် ကွင်းအတွင်း ဝင်ရောက်လာခဲ့ပြီး ဘယ်လ်ဒီကို ပြုစုခဲ့ကြသည်။
ဘယ်လ်ဒီသည် ပွဲဆက်ကစားရန်အတွက် ဆေးအဖွဲ့ဝင်များ၏အကူအညီဖြင့် မတ်တပ်ရပ်ရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေသဖြင့် ကွင်းအတွင်း ပြန်လှဲချခဲ့ရသည်။
ယင်းနောက် ဘယ်လ်ဒီကို လူစားလဲကာ ကွင်းအတွင်းမှ လူနာတင်ကားဖြင့် သယ်ထုတ်ခဲ့ရသည်ကို မြင်တွေ့ခဲ့ရသည်။
ဘယ်လ်ဒီအနေဖြင့် ယခုကဲ့သို့ ကွင်းအတွင်း သွေးအန်ခဲ့ခြင်းမှာ လေပြွန်ကို ထိခိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စပိန်ရုပ်သံ RAC1 ၏ဖော်ပြချက်အရ ဘယ်လ်ဒီအနေဖြင့် ဒဏ်ရာပြန်လည်သက်သာလာပြီဖြစ်ပြီး ဒီဇင်ဘာ (၃) ရက်တွင် ကစားမည့် မာယော့ကာနှင့်အဝေးကွင်း ပွဲစဉ်တွင် ပါဝင်ကစားဖွယ်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
