ပြီးခဲ့သည့် တစ်ပတ်အတွင်း အိန္ဒိယ၊ အမေရိကန်၊ UK၊ ပြင်သစ်နှင့် အီတလီနိုင်ငံတို့တွင် COVID-19 ဖြစ်ပွားမှု ရာခိုင်နှုန်းအသီးသီး မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းအစီရင်ခံစာအရ COVID-19 ဖြစ်ပွားမှု ပြင်သစ်နိုင်ငံ တွင် ၄၆ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံတွင် ၇၃ ရာခိုင်နှုန်းနှင့် UK ၌ ၁၀ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံတွင် ၅၂၄ ရာခိုင်နှုန်း၊ အီတလီနိုင်ငံတွင် ၅၇ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရသည်။
ပြည်သူတို့၏ရောဂါခံနိုင်ရည်ရှိမှု စွမ်းရည်များ တိုးလာစေရန် ထိန်းချုပ်လုပ်ဆောင်ခဲ့ပြီးနောက် ကိုရိုနာပေါ့စတစ်ဖြစ်သူ ၇၀၀၀၀ နီးပါးကို အမေရိကန် ကနဦးလေ့လာချက်တွင် အိုမီခရွန်မျိုးကွဲ ဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရမှုနှင့် သေဆုံးမှုအန္တရာယ် သိသိသာသာ လျော့ကျစေသည်ကို တွေ့ရသည်ဟု ဖော်ပြထားသည်။
အိုမီခရွန် ကူးစက်ခံရသူများထဲက တစ်ဝက်မှာ ဆေးရုံတက်ရောက်ရန် ဖြစ်နိုင်ခြေများကာ ၎င်းတို့အထဲမှ ၇၅ ရာခိုင်နှုန်းမှာ အရေးပေါ်တက်ရန် ဖြစ်နိုင်ခြေ ၇၅ ရာခိုင်နှုန်း လျော့နည်းပြီး ယခင်ကအဖြစ် များခဲ့သော ဒယ်တာမျိုးကွဲဗိုင်းရပ်စ် ကူးစက်ခံရသည့် အနေအထားနှင့် နှိုင်းယှဉ်ပါက သေဆုံးရန် ဖြစ်နိုင်ခြေ ၉၀ ရာခိုင်နှုန်းလျော့နည်းသည်ဟု ယင်းလေ့လာချက်က ဆိုသည်။
အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၂၀၀၀ တွင် အသက်ရှူ ထောက်ကူကိရိယာ တပ်ဆင်ရသူ မရှိဟု ဆိုသည်။ ဒယ်တာမျိုးကွဲ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၀၀၀ နီးပါးတွင် လူ ၁၁ ဦးအသက်ရှူထောက်ကူကိရိယာ တပ်ဆင်ခဲ့ရပုံနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်ဟု လေ့လာချက်တွင် ဖော်ပြထားသည်။
ဒယ်လ်တာကူးစက်ခံရစဉ်က ဆေးရုံငါးရက် တက်ရသော်လည်း အိုမီခရွန် ကူးစက်ခံရသူများမှာ ဆေးရုံတစ်ရက်ခွဲသာ တက်ရသည်ဟု ဆိုသည်။ အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၀ ရာခိုင်နှုန်းခန့်မှာ သုံးရက် သို့မဟုတ် ရက်အနည်းငယ်အတွင်း ဆေးရုံမှဆင်းကြရသည်ဟု ဆိုသည်။
ယခုလေ့လာချက်ကို Kaiser Permanente Southern California ဆေးရုံအုပ်စုက လုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဆေးရုံအုပ်စုသည် ဒယ်လ်တာနှင့် အိုမီခရွန်မျိုးကွဲ ဗိုင်းရပ်စ်နှစ်မျိုး ကျယ်ကျယ်ပြန့်ပြန့် ကူးစက်မှုဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အတွင်း လူ ၄ ဒသမ ၇ သန်းဝန်းကျင်ကို ကုသပေးခဲ့သည်။
ယခုလေ့လာချက်သည် တောင်အာဖရိကနှင့် ဗြိတိန်တို့အပါအဝင် အခြားနိုင်ငံများမှ လူဦးရေအဆင့်အလိုက် သုတေသနများကို စုစည်းလေ့လာခြင်းဖြစ်သော်လည်း တိရစ္ဆာန်နှင့် လူ့တစ်ရှူးအခြေပြုစစ်ဆေးမှုတို့ကိုလည်း အခြေပြုလေ့လာထားခြင်းဖြစ်သည်။ လူ့တစ်ရှူး အခြေပြု စစ်ဆေးမှုဆိုသည်မှာ အဆုတ်များနှင့် နှိုင်းယှဉ်ပါက ခန္ဓာကိုယ်အပေါ်ပိုင်း အသက်ရှူလမ်းကြောင်းများတွင် အိုမီခရွန် ပိုမိုကောင်းမွန်စွာ ပွားများသည်ကို တွေ့ရသော စစ်ဆေးမှုဖြစ်သည်။
ပညာရှင်များ လေ့လာရန် ထုတ်ပြန်ပေးခြင်းမပြုသေးသော လေ့လာချက်အသစ်ကို ဘာကလေရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီများ၊ Kaiser Permanente မှ သုတေသီများနှင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနများ (CDC) မှ သုတေသီများက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
“ ယခုလေ့လာချက်ဟာ အသက်၊ လိင်နဲ့ SARS-CoC-2 တို့လို အရေးပါတဲ့ ကန့်သတ်ချက်တွေအတွက် ထိန်းချုပ်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟု CDC ညွှန်ကြားရေးမှူး ရိုရှဲလ်ဝါလန်စကီးက ဇန်နဝါရီ ၁၂ ရက် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့ကြောင့် အိုမီခရွန်သည် ပင်ကိုအားဖြင့် ဒယ်လ်တာထက်ပြင်းထန်မှု ပိုမိုလျော့နည်းကာ ပြင်းထန်လူနာများ လျော့နည်းခြင်းမှာ အချိန်ကြာလာသည်နှင့်အမျှ ကာကွယ်ဆေးထိုးနှံခံရသူ ပိုမိုများပြားလာခြင်းနှင့် ကူးစက်ခံရသူ ပိုမိုများပြားလာခြင်းဆိုသော ရလဒ်ကြောင့် မဟုတ်ဟု ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
