တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ပြည်ပနိုင်ငံမှ ဝင်ရောက်လာသည့် COVID-19 ကူးစက်မှုများ တိုးမြင့်လာသည့်အခြေအနေနှင့် ရင်ဆိုင်နေရစဉ် ဒေသတွင်းဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်များကို တိုက်ဖျက်ရန် ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဇန်နဝါရီ ၁၄ ရက်၌ အချို့ခရီးသွားလာမှု လုပ်ငန်း ဆောင်တာများကို ဆိုင်းငံ့ခဲ့ကြောင်းထုတ်ပြန် ခဲ့သည်။
ရှန်ဟိုင်းမြို့တွင် ပြည်ပနိုင်ငံမှ ရောက်ရှိလာသည့် ယခင်ခရီးသွားများနှင့်ဆက်နွှယ်၍ ဇန်နဝါရီ ၁၃ ရက်က ဒေသတွင်းဗိုင်းရပ်စ်ကူး စက်ခံရသူသစ် ငါးဦးတွေ့ရှိခဲ့ပြီးနောက် ခရီးသွားအေဂျင်စီများနှင့် အွန်လိုင်းခရီးသွား ကုမ္ပဏီများအနေဖြင့် ရှန်ဟိုင်းနှင့်အခြားပြည်နယ်များ၊ဒေသများ သို့မဟုတ် မြို့များကြား အုပ်စုဖွဲ့ခရီးသွားလာမှုများကို တစ်ဖန်ရပ် တန့်ထားရန် ရှန်ဟိုင်း၏ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
ရှန်ဟိုင်းတွင် နိုဝင်ဘာလက ယခင်ဆိုင်းငံ့မှုများအားလုံးကို ရုပ်သိမ်းပေးခဲ့ပြီးနောက် တစ်လကျော် အောက်လျော့နည်းသည့်အချိန်အတွင်း ဗိုင်းရပ်စ်ကူးစက်မှုအသစ်များပေါ်ပေါက်လာသည့် ပြည်နယ်ဆိုင်ရာနယ်နိမိတ်များတွင် ခရီးသွားလာမှု လုပ်ငန်းဆောင်တာများကို ရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံတော်အဆင့် ညွှန်ကြားချက် ထွက်ပေါ်လာခဲ့သည်ဟု အစိုးရ၏ ထုတ်ပြန်ချက်ကို တရုတ်ခရီးသွားလာမှု အာဏာပိုင်အဖွဲ့က ထုတ်ဝေသည့်သတင်းစာတွင် ဖော်ပြထားသည်။
ယခုလ၏ ပထမ ၁၀ ရက်အတွင်း ပြည်ပမှရောက်ရှိလာသည့် ဗိုင်းရပ်စ်ကူးစက်ခံရ သူဦးရေသည် ဒီဇင်ဘာလတစ်လလုံး၏ ဗိုင်းရပ်စ်ကူးစက်ခံရသူစုစုပေါင်းထက် ကျော်လွန်ခဲ့ခြင်းနှင့်အတူပြည်ပနိုင်ငံမှ ရောက်ရှိလာသည့် ခရီးသွားများထံမှ ဒေသတွင်းဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်သည် ရှန်ဟိုင်းတွင်ပိုမို မြင့်တက်လာခဲ့သည်။ယင်း ကူးစက်ခံရသူများတွင် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်ခံရသူ မည်မျှ ပါဝင်နေသည်ကို ရှင်းလင်းစွာ မသိရသေးပေ။
နိုင်ငံတကာခရီးသွားများသည် ၁၄ ရက် ကွာရန်တင်းဝင်ရောက်ပြီးစီးခဲ့ပြီး ကျန်းမာရေး စောင့်ကြည့်မှု နောက်ထပ်သီတင်းပတ်အတွင်း ၎င်းတို့အနေဖြင့် နေအိမ်မှ မလိုအပ်ဘဲ ခရီးသွားလာမှုများ မပြုလုပ်သင့်ကြောင်း၊အများပြည်သူ ပို့ဆောင်ဆက်သွယ်ရေးများအသုံးမပြုရဘဲ စားသောက်ဆိုင်များနှင့် စူပါမားကတ်များကဲ့သို့ လူများသည့် အဆောက်အဦး အတွင်းပိုင်းနေရာများကို သွားရောက်ခြင်းမပြုရ သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင်လူနေအဆောက်အဦးဝန်းအတွင်း၌လမ်းလျှောက် ခြင်းပင် မပြုလုပ်ရကြောင်း ဒေသတွင်းတာဝန် ရှိသူတစ်ဦးက ဇန်နဝါရီ ၁၃ ရက်နှောင်းပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ လူနေထူထပ်သောမြို့များတွင် ပါဝင်သည့် ရှန်ဟိုင်းမြို့တွင်ယခုလကုန်ပိုင်း၌ ကျရောက်မည့် တရုတ်နှစ်သစ်ကူး အားလပ်ရက်မတိုင်မီ COVID-19 နှင့်ဆက်နွှယ်၍နိုးနိုးကြားကြားရှိမှုကို တိုးမြှင့်နေကြောင်း နောက်ထပ်လက္ခဏာရပ်များရှိခဲ့သည်။
ဇန်နဝါရီ ၁၃ ရက်အထိ တရုတ်တွင်ရော ဂါလက္ခဏာပြဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၀၄,၅၈၀ ဦးရှိပြီးဗိုင်းရပ်စ်ကြောင့်သေဆုံးသူပေါင်း ၄၆၃၆ ဦးရှိသည်ဟုတရားဝင်ထုတ် ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
