ဒစ်ဂျစ်တယ်ငွေကြေး ပလက်ဖောင်းများကို ဆိုက်ဘာတိုက်ခိုက်ခြင်းမှ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ဝန်းကျင် တန်ကြေးရှိ ခရစ်တိုငွေကြေးများကို မြောက်ကိုရီးယား ဟက်ကာများက ယမန်နှစ်အတွင်း ခိုးယူခဲ့ ကြောင်း ဒေတာပလက်ဖောင်းတစ်ခုဖြစ်သည့် Chainalysis က ဇန်နဝါရီ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ၎င်းတို့၏ နျူကလီးယားဗုံးနှင့် ပဲ့ထိန်းဒုံးကျည် တီထွင်မှုများကြောင့် နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှု အများအပြားနှင့် ရင်ဆိုင်ရလျက် ရှိသော်လည်း ၎င်းတို့၏ ဆိုက်ဘာနည်းပညာ စွမ်းပ ကားကို အားဖြည့်တည်ဆောက်နေကာ ထောင်နှင့်ချီသည့် ကျွမ်းကျင်ဟက်ကာ အစု အဖွဲ့ကို အသုံးချပြီး နိုင်ငံ၏ လက်နက်အစီအစဉ်များအတွက် ငွေကြေးအထောက်အပံ့ရရှိစေရန် လုပ်ဆောင်နေသည်ဟု အကဲခတ် များက ဆိုသည်။
၂၀၂၁ ခုနှစ်အတွင်း ၎င်းဟက်ကာများသည် ခရစ်တိုငွေကြေး ပလက်ဖောင်းများကို တိုက်ခိုက်မှု ခုနစ်ကြိမ် လုပ်ဆောင်ကာ အင်တာနက်ဖြင့် ချိတ်ဆက်ထားသော hot wallet များမှ ပိုင်ဆိုင်မှုများကို ရယူကာ မြောက် ကိုရီးယားက ထိန်းချုပ်ထားသည့် အကောင့်များထဲသို့ ရွှေ့ပြောင်းခဲ့သည်ဟု Chainalysis ၏ အဆိုအရ သိရသည်။
“မြောက်ကိုရီးယားဟာ အဲဒီငွေကြေးတွေကို ထိန်းချုပ်ပြီးချိန်မှာ အဲဒီလုပ်ရပ်ကို ဖုံးဖိပြီး ငွေထုတ်ယူဖို့အတွက် ငွေကြေးခဝါချမှု လုပ်ငန်းစဉ်ကို ဂရုတစိုက်နဲ့ စတင်လုပ်ဆောင်ပါတော့တယ်}”ဟုလည်း Chainalysis က ၎င်းတို့ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ ရှုပ်ထွေးနက်နဲသည့် နည်းပရိယာယ်များနှင့် နည်းစနစ်များကြောင့် လုံခြုံရေး သုတေသီ အများအပြားက မြောက်ကိုရီးယား ဆိုက်ဘာတိုက်ခိုက်သူများကို ထပ်တလဲလဲ ဖြစ်ပေါ်နေသည့် အဆင့်မြင့် ခြိမ်းခြောက်မှုများအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ကြောင်းလည်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းအစီရင်ခံစာသည် Sony Pictures Entertaunment ကို ဆိုက်ဘာတိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲခံရပြီး ၂၀၁၄ ခုနှစ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် The Interview ဟက်ကာအုပ်စု၏ ခေါင်းထောင်လာမှုကို မီး မောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို သရော်ထားသည့် Lazarus Group ရုပ်ရှင်အား ဖြန့်ချိခဲ့မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ၎င်းဟက်ကာအဖွဲ့က ဆိုက်ဘာတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။
“|၂၀၁၈ ခုနှစ်ကစပြီး အဲဒီဟက်ကာအဖွဲ့ဟာ နှစ်စဉ်နှစ်တိုင်း ဒစ်ဂျစ်တယ်ငွေကြေး ပမာဏ အမြောက်အများကို ခိုးယူကာ ခဝါချခဲ့ပြီး အများအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရှိခဲ့ပါတယ်” ဟု ၎င်းအစီရင် ခံစာတွင် ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၅ ရက်နှင့် ၁၁ ရက်တို့တွင် ဟိုက်ပါဆိုးနစ် ဒုံးကျည်များ စမ်းသပ်ခဲ့ကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့သည်။ သီတင်းတစ် ပတ်ကျော်အတွင်း တတိယအကြိမ် လက်နက်စမ်းသပ်မှုအဖြစ် မြောက်ကိုရီးယားသည် အမျိုးအမည်မသိ လက်နက်တစ်မျိုးကို စမ်းသပ်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် ဂျပန် တို့က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
