ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အဖွဲ့ က COVID-19 လူနာများအတွက် Eli Lilly နှင့် GlaxoSmithKline/Vir ဆေး ကုမ္ပဏီတို့၏ COVID-19 ကုသဆေး နှစ်မျိုးကို အသုံးပြုရန် အကြံပြုထောက်ခံခဲ့ပြီး အလွန်ကူးစက်မြန် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်က ကာကွယ်ဆေးများ၏ ထိရောက်မှုကို စိန်ခေါ်နေချိန်တွင် ကုသဆေးများကိုရွေးချယ်နိုင်ခွင့် ရရှိခဲ့သည်ဟု ထပ်မံပြောကြားခဲ့သည်။
ကာကွယ်ဆေးအများအပြားနှင့်ကုထုံး အများအပြား၏ ကာကွယ်မှုကို ရှောင်တိမ်း နိုင်သည့် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်သည် နိုင်ငံ ပေါင်း၁၄၉ နိုင်ငံတွင်တွေ့ရှိခဲ့သည်ဟု WHO ၏အချက်အလက်တွင် ဖော်ပြထားသည်။
အိုမီခရွန်မျိုးကွဲသည် နိုင်ငံအများအပြားတွင် လွှမ်းမိုးထားသော ဒယ်တာ မျိုးကွဲဗိုင်း ရပ်စ်၏ နေရာကို အလျင်အမြန် အစားထိုး ဝင်ရောက်ခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊မရှိ စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကုထုံးများ၏ကာကွယ်နိုင်စွမ်းကို မြှင့်တင်ရန် အစိုးရများနှင့်သိပ္ပံပညာရှင်များကို တွန်းအား ဖြစ်စေခဲ့သည်။
WHOအဖွဲ့က Olumiant အမှတ်တံဆိပ်အမည်အောက်၌ရောင်းချနေသည့် Lilly ၏ Baricitinb ဆေးကို corticosteroidsဆေးများနှင့်ပေါင်းစပ်၍ ပြင်းထန် COVID-19 လူနာများအားကုသရန်နှင့်GSK-Vir၏ ပဋိပစ္စည်းကုထုံးကို ဆေးရုံတက်ရောက်ကုသမှု ခံယူနိုင်ခြေမြင့်သည့် ပြင်းထန်အခြေအနေမဟုတ်သော လူနာများကို ကုသပေးရန် ဇန်နဝါရီ၁၃ ၌အခိုင်အမာ အကြံပြုထားသည်။
GSK-Vir ၏ သီးသန့်သွေးဖြူဥများကို ကိုယ်ပွားဖန်တီးထားသော ပဋိပစ္စည်းကုထုံးသည် ဓာတ်ခွဲစမ်းသပ်မှုများအရ အိုမီခရွန်မျိုးကွဲဗိုင်းရပ်ကို ထိရောက်စွာ ကာကွယ်နိုင်သည့် တစ်ခုတည်းသော ကုထုံးဖြစ်ကြောင်းတွေ့ရှိခဲ့ပြီး Eli Lilly နှင့် Regeneron ဆေးဝါးများမှ အလားတူ ကုထုံးများအတွင်း ယင်းကဲ့သို့ စမ်းသပ်မှုတွင် ကာကွယ်နိုင်စွမ်း လျော့နည်းကြောင်း တွေ့ရှိခဲ့သည်။
သီးသန့်သွေးဖြူဥများကို ကိုယ်ပွားဖန်တီးထားသော ပဋိပစ္စည်းကုထုံးများ၏ အိုမီခရွန်မျိုးကွဲကဲ့သို့ ဗိုင်းရပ်စ်မျိုးကွဲသစ်များအပေါ် ထိရောက်မှုနှုန်းမှာ လက်ရှိအချိန်အထိ မသေချာသေးဘဲ ယင်းကုထုံးအတွက်ညွှန်ကြားချက်များကို နောက်ထပ်ရရှိလာသည့်အချက်အလက်များနှင့်တစ်ပြေးညီအသိပေး သွားမည်ဟု WHO ကျွမ်းကျင်သူများက မှတ်ချက်ပြုခဲ့သည်။
Baricitinib သည် အသက်ရှင်သန်နိုင်မှုနှုန်းကို တိုးမြင့်စေပြီး ဆိုးကျိုးသက်ရောက်စေမှုများ မရှိခြင်းနှင့်အတူ အသက်ရှုကိရိယာ လိုအပ်မှုအခြေအနေကို လျှော့ချပေးနိုင်သည် ဟု အထောက်အထားတွေ့ရှိခဲ့ကြောင်းWHO ၏ ထုတ်ပြန်ချက်ကို British Medical ဂျာနယ်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂအေဂျင်စီ၏ ညွှန်ကြားချက်များအပေါ် ကြိုဆိုကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ Medecins Sans Frobtieres(MSF)က ထုတ်ပြန်ခဲ့ပြီး ဝင်ငွေနိမ့်ကျပြီး ဝင်ငွေအလယ်အလတ်ရှိသောနိုင်ငံများရှိ အစိုးရများနှင့် လူနာများအတွက်ပြတ်လပ်နေသော လက်ရှိ WHO က ထောက်ခံ ပေးထားသည့် သီးသန့်သွေးဖြူဥများကို ကိုယ်ပွားဖန်တီးထားသော ပဋိပစ္စည်းကုထုံး များနေရာတွင် baricitinib သည်အလားအလာရှိသော အခြားရွေးချယ်စရာတစ်ခု ဖြစ်နိုင်သည်ဟုလည်းပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
