မြောက်ကိုရီးယားသည် ဇန်နဝါရီ ၁၄ ရက်က ရထားပေါ်မှ ပစ်လွှတ်နိုင်သည့်ဒုံးကျည်ကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဇန်နဝါရီ ၁၅ ရက်တွင် ဖော်ပြခဲ့ပြီး ယင်းသည် ယခုလအတွင်း တတိယအကြိမ်မြောက် ဒုံးကျည်စမ်းသပ်မှုဖြစ်ခဲ့သည်။
တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့၏ ထုတ်ပြန်ချက်တွင် မြောက်ကိုရီးယားသည် အနောက်မြောက်ဘက် ကမ်းရိုးတန်းပေါ်ရှိ မြောက်ပြုံဂန်ပြည်နယ်မှ အရှေ့ဘက်ကိုဦးတည်ပြီး တာတိုပဲ့ထိန်းဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့ဖွယ်ရှိသည်ဟု ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား၏ တရားဝင် KCNA သတင်းအေဂျင်စီကမူ ရထားပေါ်မှ ဒုံးကျည်များစမ်းသပ်ပစ်လွှတ်သည့် လုပ်ငန်းစဉ်များကို စစ်ဆေးပြီး အကဲဖြတ်ချင့်တွက်ရန် ဒုံးကျည်ပစ်လွှတ်သည့် စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ပြီး ယင်းသည် စက်တင်ဘာလနောက်ပိုင်း ရထားပေါ်မှ ဒုံးကျည်ပစ်လွှတ်သည့် ပထမဆုံးစမ်းသပ်မှုဖြစ်ခဲ့သည်။
မြောက်ကိုရီးယား၏ နောက်ဆုံးအကြိမ် ဒုံးကျည်စမ်းသပ်မှုများကိုဆန့်ကျင်သည့် အနေဖြင့် အမေရိကန်အစိုးရက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်များချမှတ်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၃ ရက်တွင် မြောက်ကိုရီးယားအစိုးရက အမေရိကန်သမ္မတဂျိုးဘိုင်ဒင် အစိုးရအဖွဲ့ကို ပြင်းထန်စွာဝေဖန်ခဲ့သည်။
ဘိုင်ဒင်အစိုးရအဖွဲ့သည် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများနှင့် ဒုံးကျည် စီမံကိန်းများအတွက် လိုအပ်သည့် ပစ္စည်းများ နှင့် နည်းပညာများကို ထောက်ပံ့မှုပေးမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် မြောက်ကိုရီးယား နိုင်ငံသား ငါးဦးကို ဇန်နဝါရီ ၁၂ ရက်က ပိတ်ဆို့မှုများချမှတ်ခဲ့ပြီး ကုလသမဂ္ဂ၏ပိတ်ဆို့မှု အသစ်များကိုလည်း ထပ်မံချမှတ်စေရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။
မြောက်ကိုရီးယားကမူ ယင်းပိတ်ဆို့မှုများသည် အမေရိကန်၏ ထိပ်တိုက်တွေ့လိုသည့် ရပ်တည်ချက်ကို ပြသရာရောက်ပြီး ပြင်းထန်စွာ တုံ့ပြန်သွားမည်ဟု သတိပေးခဲ့သည်။
ထို့ပြင် အမည်ဖော်ပြထားခြင်းမရှိသည့် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက မကြာသေးမီက ပြုလုပ်ခဲ့သည့် ဟိုက်ပါဆိုးနစ်ဒုံးကျည်များစမ်းသပ်မှုကို ကာကွယ်ပြောကြားခဲ့ပြီး ယင်းစမ်း သပ်မှုများသည် မိမိကိုယ်ကိုယ် ခုခံကာကွယ်သည့် တရားနည်းလမ်းကျသည့် လေ့ကျင့်မှု ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အမေရိကန်အစိုးရသည် နျူကလီးယား ဖျက်သိမ်းရေးနှင့် ပိတ်ဆို့မှုများ ဖယ်ရှားရေးအတွက် ဆွေးနွေးပွဲများပြန်လည်စတင်ရန် တောင်းဆိုနေသော်လည်း ပိတ်ဆို့မှုအသစ်များသည် မြောက်ကိုရီးယားကို သီးခြားဖယ်ကြဉ်ပြီး ထိန်းချုပ်ရန်ရည်ရွယ်သည့် အမေရိကန်၏ ရန်လိုသည့်ရပ်တည်ချက်ကို မီးမောင်း ထိုးပြသရာရောက်နေသည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကမူ မြောက်ကိုရီးယားသည် တည်ငြိမ်မှုကို ပျက်ပြားစေသည့် ဒုံးကျည်ပစ် လွှတ်မှုများဖြင့် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိရန်ကြိုးပမ်းနေခြင်းဖြစ်နိုင်သည်ဟု ဇန်နဝါရီ ၁၃ ရက်က ပြောကြားခဲ့သည်။ထို့ပြင် မြောက်ကိုရီးယားအနေဖြင့် အမေရိကန်နှင့် ဆွေးနွေးပွဲဝိုင်းတွင်ထိုင်ရန် ဘလင်ကင်က တိုက်တွန်းခဲ့ပြီး အမေရိကန်သည် မြောက်ကိုရီးယားအပေါ် ရန်လိုသည့် ရည်ရွယ်ချက်မရှိ ကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
