Top News

ရုရှားက ယူကရိန်းကို ကျူးကျော်ရန်ဆုံးဖြတ်ထားခြင်းအား မယုံကြည်ဟု အမေရိကန်ပြောကြား
24htopnews | December 2, 2024 5:12 PM CST

ရုရှားက ယူကရိန်းအားကျူးကျော်ရန် ဆုံးဖြတ်ထားခြင်းကို အမေရိကန်ပြည်ထောင်စုက မယုံကြည်သော်လည်း ရုရှားက မည်သည့် လမ်းကြောင်းကိုလျှောက်သည်ဖြစ်စေ အမေရိကန်က ပြင်ဆင်ထားသည်ဟု ဇန်နဝါရီ ၁၃ ရက်တွင် အမျိုးသားလုံခြုံရေးအကြံပေးဂျိတ်ဆူလေဗန်က ထုတ်ဖော်ပြောကြားခဲ့သည်။

“နည်းလမ်းတစ်ခုခုကိုတော့ ကျွန်တော်တို့ပြင်ဆင်ထားပါတယ်”|ဟု အမေရိကန်၊ အမေရိကန်၏အနောက် မဟာမိတ်များနိုင်ငံများ နှင့် ရုရှားတို့ ဆွေးနွေးမှုများကို သီတင်းတစ်ပတ်ကြာပြုလုပ်ခဲ့ပြီးနောက် ဆူလေဗန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဆွေးနွေးရေးစားပွဲဝိုင်းမှာ တိုးတက်မှု ရအောင်လုပ်ဖို့ ကျွန်တော်တို့အဆင်သင့်ပါပဲ။ ကျွန်တော်တို့ရဲ့မဟာမိတ်တွေ၊ ကျွန်တော်တို့ရဲ့မိတ်ဖက်တွေကို အကာအကွယ်ပေးဖို့ လိုအပ်တဲ့ အဆင့်တွေ၊ သင့်လျှော်မယ့်အဆင့်တွေ ချမှတ်ဆောင်ရွက်ဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေသလို ဖြစ်လာနိုင်ဖွယ်ရာ ရှိတဲ့ ဗြောင်ကျကျ ကျူးကျော်မှုမှန်သမျှကို ခိုင်ခိုင်မာမာ တုံ့ပြန်ဖို့ ကျွန်တော်တို့ အဆင်သင့်ပါပဲ”ဟု ၎င်းက ပြောကြားခဲ့သည်။

“ထောက်လှမ်းရေးအသိုင်းအဝိုင်းကတော့ ယူကရိန်းမှာ ရုရှားတွေက စစ်ရေးနည်းလမ်းအသုံးပြုဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားတယ်ဆိုပြီး သုံးသပ်တာမျိုး မရှိပါဘူး။ ဒီတော့ကာ လက်ရှိအနေ အထားအတိုင်းဆိုရင် ရုရှားဟာ စားပွဲဝိုင်းကိုလာဖို့ အခွင့်အလမ်းရှိနေပါတယ်”ဟု ဆူလေဗန်က ပြော ကြားခဲ့သည်။

အမေရိကန်လက်ထောင်နိုင်ငံခြားရေး ဝန်ကြီးဝင်ဒီရှာမန်နှင့် ဂျီနီဗာမြို့တွင်ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများကို ဦးဆောင်ခဲ့သူ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးဆာဂေးရိုက်ကော့က ဇန်နဝါရီ ၁၃ ရက်တွင်ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်း၌ သံတမန်နည်းလမ်းကျရှုံးခဲ့ပါက မဟာမိတ်နိုင်ငံများဖြစ်သော ဗင်နီဇွဲလားသို့မဟုတ် ကျူးဘားသို့ ရုရှားက စစ်သားများစေလွှတ်မည့် အချက်ကို ငြင်းဆန်ခြင်းမပြုဟု ဖြေကြားခဲ့သည်။

“အဲ့ဒီကိစ္စကို ကျွန်တော်အတည်မပြောချင်ပါဘူး။ ဖယ်လည်းမထားချင်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

ဆူလေဗန်ကမူ ဆာဂေးရိုက်ကော့၏ မှတ်ချက်စကားကို သင်္ကြန်အမြောက်ဟု တုံ့ပြန်ခဲ့ပြီး ရုရှားသည် အဆိုပါကိစ္စကို ဆွေးနွေးပွဲများတွင် ပြောဆိုခဲ့ခြင်းမရှိဟုဆိုသည်။

“ရုရှားက အဲ့ဒီဦးတည်ချက်ကို သွားမယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ပြတ်ပြတ်သားသား ကိုင်တွယ်သွားမှာဖြစ်ပါတယ်” ဟု ဆူလေဗန်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့်ရုရှားသည် ၁၉၆၂ ခုနှစ်တွင် နျူကလီးယားစစ်ပွဲဖြစ်ပွားရန် အနီးစပ်ဆုံး အနေအထားဖြစ်ခဲ့သည်။ ထိုစဉ်က ရုရှားကကျူးဘားတွင် ပဲ့ထိန်းဒုံးကျည်များချထားခဲ့သဖြင့် အမေရိကန်နှင့် ဆို ဗီယက်တို့ နျူကလီးယားစစ်ပွဲဖြစ်ပွဲလုဆဲဆဲ အနေအထားဖြစ်ခဲ့ကာ သံတမန်ရေးအကျပ်အတည်းစတင် ဖြစ်ပေါ်ခဲ့သည်။

မကြာသေးခင်ကရုရှားက ယူကရိန်း၏ စစ်ဒဏ်သင့်အရှေ့ပိုင်းနယ်စပ်တွင် တင့်ကားများ၊ အမြောက်များ ချထားခဲ့ခြင်းနှင့် စစ်သား ၁၀၀,၀၀၀ ပို့ ဆောင်ခဲ့ခြင်းတို့ လုပ်ခဲ့ကြောင်း အနောက်အုပ်စုက ပြောကြားခဲ့ပြီး ယင်းလုပ်ရပ်မှာ ကျူးကျော်ရန် ပြင်ဆင်ခြင်း ဖြစ်သည်ဟု နေတိုးက ပြောကြားသည်။ မိမိနယ်နိမိတ် အနီး နေတိုးတပ်ဖွဲ့များရောက်လာခြင်းကို တုံ့ပြန်ခြင်း ဖြစ်သည်ဟု ရုရှားက ပြောဆိုခဲ့သည်။                            


READ NEXT
Cancel OK