တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန်ကူးစက်ပျံ့နှံ့မှုအပေါ် စိုးရိမ်မှုများမြင့်တက်နေချိန်တွင် ဇန်နဝါရီ ၁၄ ရက်မှစပြီး COVID-19 လူနာများကို Pfizer ၏ ဗိုင်းရပ်စ်သတ်ဆေးများဖြင့် ကုသပေးနေသည်ဟု ကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။
Paxlovid အမည်ရှိ ယင်းဗိုင်းရပ်စ်သတ် ဆေးအလုံးရေ ၂၁၀၀၀ သည် ဇန်နဝါရီ ၁၃ ရက်က တောင်ကိုရီးယားသို့ရောက်ရှိခဲ့ပြီး ယင်းဆေးများကို ဆေးရုံဆေးခန်း ၂၈၀ သို့ ဖြန့်ချိခဲ့ကာ ဆေးရုံတင်နေရသည့် COVID-19 လူနာ ၉၀ ကို ကုသပေးမည်ဟု ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး အေဂျင်စီ(KCDA) က ပြောကြားခဲ့သည်။
“အိုမီခရွန်ရဲ့ ရောဂါပြင်းထန်မှုအခြေအနေဟာ လျော့နည်းပေမယ့် ကူးစက်မှုနှုန်းမြင့်မားတာကြောင့် ရောဂါပြင်းထန်အခြေအနေ ရှိလာနိုင်တဲ့ လူနာတွေကို ကုသရာမှာ ဒီဗိုင်းရပ်စ်သတ်ဆေးတွေက အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်” ဟု KCDA မှ အရာရှိတစ်ဦးဖြစ်သူ ကင်ကီနမ်က ပြောကြားခဲ့သည်။
ယင်းဗိုင်းရပ်စ်သတ်ဆေးဖြင့် ရောဂါပြင်းထန်နိုင်ခြေရှိသည့် အသက် ၆၅ နှစ်အထက်လူနာများ၊ ကိုယ်ခံအားနည်းသည့် လူနာများအပါအဝင် ဦးစားပေးကုသရမည့် အုပ်စုများနှင့်အတူ တစ်ရက်လျှင် လူနာပေါင်း ၁၀၀၀ ကျော်ကို ကုသနိုင်မည်ဟု KCDA က ပြောကြားခဲ့သည်။
နောက်ထပ် ဆေးအလုံးရေ ၁၀၀၀၀ ခန့်မှာ ယခုလကုန်တွင် ရောက်ရှိလာမည်ဟု အာဏာပိုင်များက ပြောကားခဲ့သည်။
Paxlovid ဆေးသည် ရောဂါကူးစက်ခံရသည့်လူနာများကို ဆေးရုံတင်ရမည့်အခြေအနေနှင့် သေဆုံးနိုင်ခြေတို့ကို လျှော့ချရာတွင် ၉၀ ရာခိုင်နှုန်းနီးပါး ထိရောက်မှုရှိပြီး အိုမီခရွန်မျိုးကွဲကို ကာကွယ်ရာတွင်လည်း အာနိသင်လျော့ကျခြင်းမရှိကြောင်း Pfizer က ပြောကြားခဲ့သည်။
တောင်ကိုရီးယားသည် အိုမီခရွန်မျိုးကွဲကြောင့် ရောဂါကူးစက်မှုများ မြင့်တက်နေမှုကို ထိန်းချုပ်ရန်ကြိုးပမ်းရာတွင် ဆေးဝါးအများအပြား အသုံးပြုရန်ကြိုးပမ်းခဲ့ပြီး ဇန်နဝါ ရီ ၁၂ ရက်တွင် အမေရိကန်ဆေးကုမ္ပဏီ Novavax ၏ ကာကွယ်ဆေးကို အတည်ပြုခဲ့သည်။
လူဦးရေ ၅၂ သန်းနေထိုင်သည့် တောင်ကိုရီးယားတွင် ကပ်ရောဂါစတင် ဖြစ်ပွားချိန်မှ စပြီး ဇန်နဝါရီ ၁၃ ရက်အထိ ရောဂါကူးစက်ခံခဲ့သူ ၆၇၉၀၃၀ ဦးနှင့် သေဆုံးသူ ၆၂၁၀ ဦးရှိခဲ့ကာ ကပ်ရောဂါကို နိုင်နင်းစွာထိန်းချုပ်နိုင်ခဲ့သည့် နိုင်ငံအဖြစ် ချီးကျူးခံခဲ့ရသည်။
ဇန်နဝါရီ ၁၂ ရက်တွင် တောင်ကိုရီးယား၌ ရောဂါကူးစက်ခံရသူ ၄၁၆၇ ဦးရှိပြီး ၎င်းတို့ အနက် ၃၉၁ ဦးမှာ ပြည်ပမှ ဝင်ရောက်လာသူများဖြစ်သည်ဟု KDCA က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က လက်စ်ဗေးဂက်စ် တွင်ပြုလုပ်ခဲ့သည့် လူသုံးကုန်လျှပ်စစ်ပစ္စည်းပြပွဲကို တက်ရောက်ခဲ့ပြီးနောက် ရောဂါကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား အရေအတွက်မှာ ၁၁၉ ဦးအထိမြင့်တက်ခဲ့သည်ဟု KDCA ၏ အရာရှိတစ်ဦးကပြောကြားခဲ့သည်။
အိုမီခရွန်မျိုးကွဲကူးစက်ခံရသူ အရေအတွက်မှာ အနည်းငယ်သာရှိသော်လည်း ပြီးခဲ့သည့် သီတင်းနှစ်ပတ်ကျော်အတွင်း ရောဂါကူးစက်ခံရသူစုစုပေါင်း၏ ၁၂.၅ ရာခိုင်နှုန်း ကျော်ရှိခဲ့သည်။
ယင်းမျိုးကွဲသည် အမေရိကန်နှင့် ဥရောပနိုင်ငံအများစုတွင် လွှမ်းမိုးခဲ့ပြီးနောက် ယခုလအတွင်း တောင်ကိုရီးယားတွင်လည်း လွှမ်းမိုးမှုရှိလာမည့် မျိုးကွဲဗိုင်းရပ်စ်ဖြစ်လာနိုင်သည်ဟု ကျန်းမာရေးအရာရှိများက သတိပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
