ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမတိုင်မီ တရုတ်အစိုးရက တင်းကျပ်သည့်ဗိုင်းရပ်စ်ထိန်းချုပ်ရေး ခရီးသွားလာမှု အစီအမံများကို တိုးမြှင့်ချမှတ်လျက်ရှိသောကြောင့် ဟောင်ကောင်ကလည်း ၎င်း၏ လေဆိပ်မှတစ်ဆင့် လေယာဉ်ပြောင်းစီးကြမည့် နိုင်ငံပေါင်း ၁၅၀ ကျော်မှ ခရီးသည်များကို ပိတ်ပင်ကြောင်း ဇန်နဝါရီ ၁၄ ရက်တွင် ကြေညာခဲ့သည်။
လေဆိပ်ပိတ်လိုက်ခြင်းက ဟောင်ကောင်ကို ကမ္ဘာလုံးဆိုင်ရာ အထီးကျန်မှု နက်ရှိုင်းစေခဲ့ပြီး ကိုဗစ်ကင်းစင်မဟာဗျူဟာကို ချမှတ်ဆောင်ရွက်နေဆဲဖြစ်သည့် တစ်ခုတည်းသော ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံတရုတ်သည် ဒယ်တာနှင့် အိုမီခရွန်ကူးစက်မှုများကို ခက်ခက်ခဲခဲ ထိန်းချုပ်နေရသည့်အနေအထားတွင် ဟောင်ကောင်က ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားနေချိန်အတွင်း တရုတ်ပြည်မကြီးကဲ့သို့ပင် ဟောင်ကောင်သည် ကမ္ဘာ့အတင်းကျပ်ဆုံးအစီအမံအချို့ကို ဆက်လက်ချမှတ်ထား ရာသီတင်းပတ်ပေါင်းများစွာ ကွာရန်တင်း ဝင်စေခြင်း၊ ပစ်မှတ်ထားလော့ဒေါင်းချခြင်းများနှင့် လူအစုလိုက်အပြုံလိုက်ဆေးစစ်ခြင်း တို့ကို လုပ်ဆောင်နေဆဲဖြစ်သည်။
တရုတ် စီးပွားရေးအချက်အချာမြို့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအနေအထား အပေါ်မူတည်၍ နိုင်ငံများကို အမျိုးအစားခွဲခဲ့ရာ ၁၅၃ နိုင်ငံမှာ အုပ်စု(က) တွင်ပါဝင်ကြောင်းသတ်မှတ်ခံခဲ့ရသဖြင့် အဆိုပါနိုင်ငံများမှ ဆိုက်ရောက်ခရီးသည်များမှာ ၂၁ ရက် ကွာရန်တင်းဝင်ကြရမည်ဖြစ်သည်။
လွန်ခဲ့သော သီတင်းသုံးပတ်အတွင်း အဆိုပါနိုင်ငံများ၌ နေထိုုင်ခဲ့ခြင်းမရှိသူများသည် ဇန်နဝါရီ ၁၆ ရက်မှစတင်ကာ ဟောင်ကောင်မှ တစ်ဆင့် လေယာဉ်ပြောင်းစီးခြင်း တားမြစ်ခံရမည်ဖြစ်ကြောင်း ဟောင်ကောင် လေဆိပ်က ထုတ်ပြန်ခဲ့သည်။
အုပ်စု(က) တွင်ပါဝင်သော နိုင်ငံရှစ် နိုုင်ငံဖြစ်သည့် သြစတြေးလျ၊ ကနေဒါ၊ ပြင် သစ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ ဗြိတိန် နှင့် အမေရိကန်ပြည်ထောင်စုတို့မှာ ဟောင်ကောင်သို့ လာရောက်ခြင်းမှ လုံးဝတားမြစ် ခံထားရသည်။
ဟောင်ကောင်သည် အိုမီခရွန်မျိုးကွဲ ဗိုင်းရပ်ကူးစက်ခံထားရသူ အနည်းငယ်ကို ထိန်းချုပ်လျက်ရှိသည်။ နေအိမ်တွင် ကွာရန်တင်းဝင်ရမည်ဟူသော စည်းကမ်းကို ချိုး ဖောက်ခဲ့သော Cathay Pacific လေကြောင်း လိုင်းအမှုထမ်းများ ပြန်ရောက်လာခြင်းကြောင့် ဟောင်ကောင်တွင် အိုမီခရွန်မျိုးကွဲ ဗိုင်းရပ်စ်ကူးစက်ခံရသူ အနည်းငယ်ရှိခဲ့သည်။
လူတစ်ဦးနှင့် တစ်ဦး ဝေးဝေးနေရမည် ဆိုသောစည်းကမ်းကို ပြန်လည်ချမှတ်ခဲ့ကာ ကိုယ်ကာယလေ့ကျင့်ရာနေရာများကို ပိတ်ခြင်း၊ ညနေ ၆ နာရီနောက်ပိုင်း ရောင်းချသော စားသောက်ဆိုင်များကို ပိတ်ခြင်းတို့ လုပ်ဆောင်ခဲ့ပြီး Cathay Pacific လေကြောင်းလိုင်းမှာ ဥပဒေကြောင်းအရ အရေးယူခံရမှုကို ရင်ဆိုုင်ရဖွယ်ရှိနေသည်။
Cathay Pacific လေကြောင်းလိုင်းက ကပ်ရောဂါဖြစ်ပွားခါစက ပြေးဆွဲခဲ့သော ခရီးစဉ်များထဲက ခရီးစဉ်အနည်းငယ်နှင့် ဟောင်ကောင်ကို ဖြတ်သန်းသည့် ခရီးဝေးလေကြောင်းခရီးများထဲကခရီးစဉ်အနည်း ငယ်ကိုသား ပြေးဆွဲပေးနေခြင်းဖြစ်သည်။
အခြားလေကြောင်းလိုင်းများမှာ ကွာရန်တင်းစည်းကမ်းများကြောင့် ဟောင်ကောင် ခရီးစဉ်များကို လျှော့ချခြင်း၊ ရပ်ဆိုင်းခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
