အန်ကွန်ကူအား မူအာနီနှင့် လဲလှယ်ရန် PSG အသင်း စီစဉ်
24htopnews | December 2, 2024 5:12 PM CST
PSG အသင်းသည် ချယ်လ်ဆီးတိုက်စစ်ကစားသမား အန်ကွန်ကူအား အသင်းတိုက်စစ်မှူး မူအာနီနှင့် အလဲအထပ်ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။
ပြင်သစ်တိုက်စစ်မှူး မူအာနီ (၂၅ နှစ်)သည် ၂၀၂၃ နွေတွင် ဖရန့်ဖတ်အသင်းမှ PSG အသင်းသို့ ယူရို (၈၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
သို့သော် ၎င်းသည် PSG အသင်းတွင် ရုန်းကန်နေရပြီး ယခုရာသီ ပြိုင်ပွဲစုံ(၁၃) ပွဲတွင် (၂) ဂိုးသာ သွင်းထားသည်။
PSG နည်းပြ အန်နရီကေးသည် မူအာနီကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ လာမည့်ဇန်နဝါရီတွင် ရောင်းထုတ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ယင်းအနေအထားတွင် PSG အသင်းသည် မူအာနီအား ချယ်လ်ဆီးတိုက်စစ်ကစားသမား အန်ကွန်ကူနှင့် အလဲအထပ်ပြုလုပ်ရန်စီစဉ်လာခြင်းဖြစ်သည်။
အန်ကွန်ကူမှာလည်း ချယ်လ်ဆီးအသင်းတွင် ပွဲကစားခွင့်ရရန် ရုန်းကန်နေရသည့်အပေါ် စိတ်ပျက်နေပြီး အသင်းပြောင်းရွှေ့လိုနေကြောင်း သိရှိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
