ဂျီဟတ်များနှင့်သူပုန်များသည် ဆီးရီးယားဒုတိယအကြီးဆုံးမြို့ အလက်ပို၏နေရာအများစုကို လျှပ်တစ်ပြက်ထိုးစစ်အတွင်း သိမ်းပိုက်ခဲ့ပြီးနောက် နိုဝင်ဘာ ၃၀ ရက်တွင် ၎င်းတို့က အလက်ပို လေဆိပ်ကိုလည်းကောင်း၊အနီးအနားရှိ မြို့ရွာများကိုလည်းကောင်း သိမ်းပိုက်ထားသည်ဟု လူ့အခွင့်အရေးအတွက် ဆီးရီးယားစစ်ပွဲစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။
ဂျီဟတ်များနှင့်၎င်းတို့၏တူရကီ ကျောထောက်နောက်ခံပြုမဟာမိတ်များသည် အီရန်နှင့်ရုရှားတို့ အထောက်အပံ့ပေးထားသော ဆီးရီးယားအစိုးရတပ်ဖွဲ့များကို မိုးကြိုးစစ်ဆင်ရေးဆင်နွှဲလိုက်သောကြောင့် ၎င်းတို့သည် နိုဝင်ဘာ ၂၉ ရက်တွင် ဆီးရီးယား ၏ဒုတိယအကြီးဆုံးမြို့ အလက်ပိုကို ထိုးဖောက်ဝင်ရောက်ခဲ့သည်။
ထို့ကြောင့် ဆီးရီးယား၏မဟာမိတ် ရုရှားက အလက်ပိုကို ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လောလောလတ်လတ် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရသည်။
ရန်သူတို့တိုက်ခိုက်မှု မည်မျှပင်ကြီးမားပါစေ ၎င်းတို့ကို အနိုင်တိုက်မည်ဟု ယူအေအီးသမ္မတနှင့် ဖုန်းစကားပြောရာတွင် ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆက်က ပြောကြားခဲ့သည်ဟု သိရသည်။
အစိုးရတပ်များ ဆုတ်ခွာသွားသောကြောင့် တိုက်ခိုက်ရေးသမားများသည် အလက်ပိုမြို့၏နေရာအများအပြားကို ထိန်းချုပ်ခဲ့သည်ဟုလူ့အခွင့်အရေးအတွက် ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
အီရန်ကျောထောက်နောက်ခံပြုစစ်သွေးကြွအုပ်စု ဟစ်ဇဘိုလာနှင့်အစ္စရေးတို့၏ယိုင်နဲ့နဲ့အပစ်အခတ်ရပ်စဲရေးသည် ဆီးရီးယားအိမ်နီးချင်း လက်ဘနွန်တွင် အကျိုးသက်ရောက်ခဲ့သောနေ့နှင့်တစ်နေ့တည်းဖြစ်သည့် နိုဝင်ဘာ ၂၇ ရက်တွင်သူပုန်တို့၏ ထိုးစစ် စတင်ခဲ့သည်။
ထိုးစစ်သည် ကနဦးပိုင်တွင် ပြင်းထန်ခဲ့ပြီး အနည်းဆုံး ၃၂၇ ဦးသေဆုံးခဲ့သည်ဟု ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအတွက် ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ၏ထုတ်ပြန်ချက်အရ သိရသည်။သေဆုံးသူအများစုမှာ ရုရှားလေကြောင်းတိုက်ခိုက်မှုများကြောင့်ဖြစ်ပြီး သေဆုံးသူများထဲတွင် အရပ်သား ၄၄ ဦးပါဝင်သည်ဟုဆိုသည်။
နိုဝင်ဘာ ၂၉ ရက်အထိ ဂျီဟတ်များနှင့်၎င်းတို့၏မဟာမိတ်များသည် ဆီးရီးယားမြောက်ပိုင်းရှိ မြို့ရွာ ၅၀ ကျော်ကို သိမ်းပိုက်ခဲ့ပြီး ဆီးရီးယားစစ်ပွဲမတိုင်မီ ကုန်ထုတ်လုပ်ရေး ဗဟိုချက်ဖြစ်ခဲ့ကာ လူဦးရေနှစ်သန်းဝန်းကျင်နေထိုင်သော အလက်ပိုမြို့၏အနောက်ပိုင်းခရိုင်များထဲကို ဝင်ရောက်ခဲ့သည်။
တိုက်ခိုက်ရေးသမားများသည် သိသာထင်ရှားသည့် ခုခံမှုကို ရင်မဆိုင်ရဘဲ အလက်ပိုမြို့၏နေရာအများအပြားကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
အေအက်ဖ်ပီသတင်းထောက်သည် News Aleppo ခရိုင်၌ တိုက်ပွဲများဖြစ်ပွားသည်ကို တွေ့ရကြောင်းပြောကြားသည်။
သူပုန်များ ချီတက်လာသောကြောင့် အစိုးရတပ်သည် အလက်ပိုတောင်ဘက်မိုင်၉၀ အကွာရှိ ဆီးရီးယားစတုတ္ထအကြီးဆုံး မြို့ ဟာမာမှ ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။
Ref:AFP
AFP Photos
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
