လီဗာပူးလ်အသင်းသည် အသင်းမှ ဆီနီ ဂေါတောင်ပံတိုက်စစ်ကစားသမား မာနေကို စာချုပ်သက်တမ်းတိုးရန် ဆုံးဖြတ်ချက်ချခဲ့ပြီး ကစားသမားဘဝတစ်လျှောက်လုံး အန်ဖီးလ်၌ ပင် ရှိနေစေရန်အတွက် စီစဉ်နေကြောင်း သိ ရသည်။
လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် မာနေကိုခေါ်ယူရန် စိတ်ဝင်စားနေသည့် ရီးယဲလ်အသင်း၏ခြိမ်းခြောက်မှုကိုလည်း စာချုပ်သစ်ချုပ်ဆိုခြင်းဖြင့် အဆုံးသတ်သွားစေရန် လီဗာပူးလ်အသင်းက မျှော်လင့်နေခြင်းလည်း ဖြစ်သည်။
လီဗာပူးလ်အသင်းနှင့် မာနေတို့ လက် ရှိချုပ်ဆိုထားသည့်စာချုပ်မှာ ၂၀၂၃ ခုနှစ်အထိ ဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် သူ၏ အသက်မှာ (၃၁)နှစ်ရှိနေမည်ဖြစ်သည်။
ယင်းစာချုပ်ကို မာနေအနေဖြင့် လီဗာပူးလ်အသင်း နှင့် ချန်ပီယံလိဂ်ဖလား မဆွတ်ခူးမီနှင့် Ballon d'Or ဆုပေးပွဲတွင် စတုတ္ထမဲအများဆုံးမရရှိမီ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းက လက်မှတ် ရေးထိုးခဲ့သည်။
အာဖရိကအကောင်းဆုံးဆုရှင်လည်းဖြစ်သူ မာနေသည် ၂၀၁၇-၁၈ ရာသီက အသင်းဖော် ဆာလာ၏အရိပ်လွှမ်းမိုးနေမှုကို ပြီးခဲ့သည့်ရာသီက ချေဖျက်နိုင်ခဲ့ပြီး အသင်းတွင် အရေးပါဆုံးအခန်းကဏ္ဍ၌ ပါဝင်ခဲ့သည်။
နောက်ဆုံး Ballon d'Or ဆုပေးပွဲတွင် အကောင်းဆုံး မက်ဆီ၏မဲပေးမှုကို ရရှိခဲ့သည့် မာနေသည် ယခုရာသီတွင်လည်း သူ၏ပုံစံကောင်းကို ဆက်ထိန်းနိုင်ခဲ့ပြီး လီဗာပူးလ်အသင်း၏ ပရီးမီးယားလိဂ်ကို အလုံးစုံလွှမ်းမိုးနိုင်မှုတွင် (၁၄)ဂိုး အထိ သွင်းယူကာ (၉)ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။
လီဗာပူးလ်အသင်းသည် မာနေကို အသင်းတွင် ကာလရှည်ဆက်ရှိနေရန် ဆန္ဒရှိနေသည်ဟု Football Insider က ဖော်ပြခဲ့ပြီး ချုပ်ဆိုမည့် စာချုပ်သက်တမ်းနေရာတွင် ကစားသမားဘဝ နောက်ဆုံးနေ့ရက်များအထိဟုသာ ရေးသားထား သည်။
မာနေသည် လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၆၁)ပွဲ ကစားထားရာတွင် (၇၇)ဂိုးအ ထိ သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
