အာဆင်နယ်အသင်း၏ ဂန္ထဝင်နည်းပြဟောင်းနှင့် လက်ရှိအချိန်တွင် ဖီဖာ၏ နိုင်ငံတကာဘောလုံးဖွံ့ဖြိုးတိုးတက်ရေး ခေါင်းဆောင်တစ်ဦးအဖြစ် ဆောင်ရွက်နေသည့် အာစင်ဝင်းဂါးက လက်ရှိအာဆင်နယ်အသင်းတွင် မိမိတည်ဆောက်ခဲ့သည့် ရိုးရာဟန်ပျောက်ဆုံးလာသည်ကို စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။
အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်း၏ နောက်ပိုင်းနှစ်များတွင် အောင်မြင်မှု များနှင့် ဝေးကွာခဲ့သော်လည်း အသင်းအတွက် အမှတ်ပေးချန်ပီယံဆု (၃)ကြိမ်ယူပေးခဲ့ ဖူးသည့်အပြင် အာဆင်နယ်အသင်း၏ ကစားဟန်ကြောင့်လည်း ကမ္ဘာတစ်ဝှမ်းလုံးတွင် ပရိိသတ်များစွာ ပိုင်ဆိုင်ခဲ့သည်။
ဝင်းဂါးသည် နောက်ပိုင်းနှစ်များတွင် ပရိသတ်များ၏ ကန့် ကွက်ဆန္ဒပြမှုဂယက်များကြောင့် အသင်းနှင့် လမ်းခွဲခဲ့ရသော်လည်း အာဆင်နယ်ပွဲစဉ် တိုင်းနီးပါးကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း ၀န်ခံခဲ့သည်။
ထို့ပြင် ၎င်းက လက်ရှိ အာဆင်နယ်အသင်း၏ အနေအ ထားအတွက် စိုးရိမ်မိကြောင်း ပြောကြားခဲ့ပြီး၊ အာတီတာလက်ထက်တွင် ပုံစံကောင်းပြန် ရရန် မျှော်လင့်နေသည်ဟုလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
