ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့် ၂၀၂၀-၂၁ ရာ သီတွင် အသင်းကစားသမားများ၏လစာငွေကို (၃၀%)အထိ ထပ်မံလျှော့ချရန် စဉ်းစားနေကြောင်း စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။
ရီးယဲလ်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆုံးရှုံးရမှုများကို ကာမိစေရန်အတွက် ယခု ၂၀၁၉-၂၀ ရာသီတွင်လည်း ကစားသမားများ၏လစာငွေကို (၁၀%)လျှော့ချ ရန် စီစဉ်ထားပြီးဖြစ်သည်။
ကလပ်အသင်းဘုတ်အဖွဲ့သည် ကစားသမားများ၏လ စာငွေကို လာမည့်ရာသီတွင် (၃၀%)အထိ ထပ်မံလျှော့ချရန် အလိုရှိနေကြောင်း ယင်းသတင်းတွင် ရေးသားခဲ့သည်။
ယင်းလျှော့ချမှုတွင် အသင်းကစားသမားများသာမက ဘောလုံးကလပ်နှင့်သက်ဆိုင်သည့်ဝန်ထမ်းများ၊ ကလပ်အသင်း၏အမှုဆောင်များလည်း ပါဝင်မည်ဖြစ်သည်။
သို့သော် အဆိုပါအစီအစဉ်မှာ ဘာနေဗျူးကွင်း သို့မဟုတ် အခြားကဏ္ဍတွင်လုပ်ကိုင်နေသည့် ဝန်ထမ်းပေါင်း (၈၀၀)ကျော်ကို သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သိရသည်။
လာလီဂါအသင်းများအပါအဝင် ဥရောပအနှံ့အပြားရှိ ကလပ်အသင်းအသီးသီးသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် စျေးကွက်နှင့် အခြားကုန်စည်ရောင်းချမှုမှ ဝင်ငွေရ ပေါက်ရလမ်းများ ဆုံးရှုံးနိုင်မှုနှင့်အတူ အားကစားစီးပွားရေး ကဏ္ဍကို များစွာထိခိုက်မှုရှိလာနိုင်သောကြောင့် အသင်းအများစုက ကစားသမားများ၏လစာငွေကို လျှော့ချရန် စီစဉ်ထားခဲ့ ပြီးဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်း၏ ယခုရာသီဝင်ငွေမှာ တစ်ရာသီစာနှင့် တစ်ပွဲချင်းအလိုက် လက်မှတ်ရောင်းချမှုမှ ယူရို(၁၆၁) သန်း၊ ခြေစမ်းပွဲနှင့် ပြိုင်ပွဲများမှ ယူရို(၁၀၉) သန်း၊ ရုပ်သံမူပိုင်ခွင့်မှ ယူရို သန်း(၁၈၀)နှင့် စပွန်ဆာစာချုပ်များအ ပါအဝင် စျေးကွက်စီးပွားရေးကဏ္ဍများမှ ယူရို(၃၇၁)သန်း စ သဖြင့် ယူရို(၈၂၂)သန်းအထိဝင်ငွေရှိမည်ဟု ကနဦးတွက်ချက်ထားခဲ့သည်။
သို့သော် ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ရီးယဲလ်အ သင်း၏ဝင်ငွေ(၂၀%)ခန့် ဆုံးရှုံးရနိုင်သဖြင့် ယူရို(၁၆၅)သန်း ခန့် နစ်နာဖွယ်ရှိနေသည်။
ရီးယဲလ်အသင်း၏ ယခုရာသီထွက် ငွေမှာ ယူရို(၇၄၁)သန်းရှိကြောင်း ခန့်မှန်းထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
