လီဗာပူးလ်အသင်းသည် လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အတောင့်တင်းဆုံးအသင်းဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မကြာသေးမီက အမည်မဖော်ပြထားသည့် ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်း၏ အမှုဆောင်ချုပ်တစ်ဦးက လီဗာပူးလ်အသင်းသည် ရာသီပြန်လည်စတင်ခဲ့ပါက ပွဲအနည်းငယ်အတွင်း ချန်ပီယံဖြစ်တော့မည်ဖြစ်ရာ လက်ကျန်ပွဲစဉ်များကို လူငယ်ကစားသမားများနှင့် ဆက်လက်ကစားမည်ကို စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် အမှတ်ပေးချန်ပီယံဆုကို ရရှိရန် သေချာသလောက်ရှိနေသည့်တိုင် ၎င်းတို့ဆက်လက်ကစားရမည့် ပွဲစဉ်များတွင် အခြားအသင်းများ၏ အလားအလာနှင့် ကံကြမ္မာကို ဆုံးဖြတ်ရမည့်ပွဲစဉ်များလည်း ရှိနေသည့်အတွက် ယင်းကဲ့သို့ စိုးရိမ်နေခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းသည် အဓိကကစားသမားများကို အနားပေးပြီး လူငယ်ကစားသမားများ၊ အကယ်ဒမီကစားသမားများကို အသုံးပြုရန် ဆုံးဖြတ်ပါက လက်ရှိ ဖြစ်ပွားနေသည့် ကပ်ရောဂါဆိုးက အကြောင်းပြချက်ကောင်း လည်း ဖြစ်နေသည်။
သို့ရာတွင် လီဗာပူးလ်အသင်းကမူ ယင်းကဲ့သို့ လုပ်မည်မဟုတ်ဘဲ လက်ကျန်ပွဲစဉ်အားလုံးကို အာရုံ စိုက်ကစားသွားမည်ဖြစ်သလို၊ အတောင့်တင်းဆုံးအ သင်းဖြင့်သာ လက်ကျန်ပွဲစဉ်များကို ယှဉ်ပြိုင်သွားမည်ဟု ကတိပြုခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်း သည် ရာသီလက်ကျန်ပွဲစဉ် (၈)ပွဲကစားရန် ကျန်ရှိ နေပြီး၊ နောက်ထပ်ပွဲစဉ်နှစ်ပွဲဖြစ်သည့် ခရစ္စတယ်ပဲ လေ့စ်နှင့် အဲဗာတန်အသင်းတို့နှင့် ပွဲစဉ်များအပြီးတွင် အမှတ်ပေးချန်ပီယံဆုအတွက် အဖြေပေါ်ထွက်ဖွယ် ရှိနေသည်။
ယင်းပွဲစဉ်များအပြီးတွင် မန်စီးတီး၊ အက်စ တွန်ဗီလာ၊ ဘရိုက်တန်၊ ဘန်လေ၊ အာဆင်နယ်၊ ချယ်လ်ဆီးအသင်းတို့နှင့် ဆက်လက်ကစားရမည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
