အေဂျက်စ်အသင်းအမှုဆောင်ချုပ် ဗန်ဒါးဆားက အသင်းကစားသမားများဖြစ်သည့် အိုနာနာနှင့် ဗန်ဒယ်ဘိခ်တို့ကို လျှော့စျေးဖြင့် ရောင်းချမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အေဂျက်စ်ဂိုးသမား အိုနာနာနှင့် ကွင်းလယ်လူ ဗန်ဒယ်ဘိခ်တို့မှာ လာမည့် နွေရာသီအပြောင်းအရွှေ့စျေးကွက် တွင် အသင်းပြောင်းရွှေ့မည်ဖြစ်ပြီး ၎င်းတို့ကိုခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများက စိတ်ဝင်စားနေကြောင်း သိရသည်။
ဗန်ဒါးဆားက ''ဘိုင်ယန်မြူးနစ်တို့လိုအသင်းကြီးတွေက ကိုရို နာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ပြောင်းရွှေ့ကြေးတွေ ကျဆင်းသွားမယ်လို့ ပြောနေကြတယ်။ သူတို့က ဝယ်တဲ့အသင်းတွေဆိုတော့ ဒီလိုပဲ ပြောမှာပေါ့။ ယူရိုသန်း (၁၅၀)၊ ယူရိုသန်း (၂၀၀) တန်အပြောင်းအရွှေ့တွေ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အေဂျက်စ်ကစားသမားတွေက တန်ဖိုးရှိပြီးသားပါ။ ပြီးခဲ့တဲ့ရာသီက အိုနာနာ၊ ဗန်ဒယ်ဘိခ်တို့ကို အသင်းက ထွက်ခွင့်ပေးမယ်လို့ ကတိပေးထားပါတယ်။ ဒါပေမဲ့ လျှော့စျေးနဲ့တော့ ထွက်ခွာခွင့်ပေးမှာမဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။
အသက် ၂၃ နှစ်ရှိပြီဖြစ်သည့် နယ်သာလန်လက်ရွေးစင် ကြယ်ပွင့်ကစားသမား ဗန်ဒယ်ဘိခ်ကို ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန်ယူ၊ စပါး စသည့် ဥရောပထိပ်တန်းကလပ်များစွာက ခေါ်ယူရန် စိတ်ဝင်စားနေပြီး ကိုရို နာဗိုင်းရပ်စ်ကြောင့် ကလပ်အသင်းအများစု ဘဏ္ဍာရေးအခက်အခဲရင်ဆိုင်ရနိုင်သော်လည်း သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချမည်မဟုတ်ကြောင်း ဗန်ဒါးဆားက သတိပေး ခဲ့ခြင်းဖြစ်သည်။
ဗန်ဒယ်ဘိခ်သည် အေဂျက်စ်အကယ်ဒမီ မှ ထွက်ပေါ်လာသူဖြစ်ပြီး နယ်သာလန်လက်ရွေးစင်အသင်းအတွက်လည်း ၁၀ ပွဲ ပါဝင်ကစားခွင့်ရထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
