နာမည်ကျော်အားကစားသ တင်းဌာနတစ်ခုဖြစ်သည့် Eurosport ပရိသတ်များက မဲပေးရွေး ချယ်သည့် ၂၁ ရာစုအကောင်းဆုံးအ သင်းရွေးချယ်မှုတွင် ဖာဂူဆန်၏ မန် ယူအသင်း ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။
Eurosport သည် ၎င်းတို့ စိတ်ကြိုက် (၃၂)သင်းကို ရွေးချယ်ကာ ရှုံးထွက်ပုံစံမျိုးဖြင့် ပရိသတ်များကို မဲပေးရွေးချယ်စေခဲ့ခြင်းဖြစ်ပြီး ဖာဂူဆန်၏ မန်ယူအသင်းသည် ဗိုလ်လုပွဲတွင် ဂွါဒီယိုလာ၏ ဘာစီလိုနာအသင်းကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဖာဂူဆန်၏ မန်ယူအသင်းသည် ရှုံးထွက်အဆင့်တွင် ၂၀၀၇-၂၀၁၂ ဇင်းနစ်အသင်း၊ ကွာတားဖိုင်နယ်အဆင့်တွင် ဆီ>မန်နီ၏ အက်သလက်တီကိုမက်ဒရစ်အသင်း၊ ဆီမီးဖိုင်နယ်အဆင့်တွင် ရီးယဲလ်မက်ဒရစ်၏ ကြယ်စင်စုအသင်းတို့ကို ကျော်ဖြတ်ခဲ့ပြီးနောက် ဗိုလ်လုပွဲတွင် ဂွါဒီယိုလာ၏ ဘာစီလိုနာအသင်းကို မဲအရေအတွက် (၅၉-၄၁)ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ ခြင်းလည်းဖြစ်သည်။
ဂွါဒီယိုလာ၏ ဘာစီလိုနာအသင်းမှာမူ အယ်လီဂရီ၏ ဂျူဗင်တပ်စ်အသင်း၊ မော်ရင်ဟို၏ ၂၀၀၄-၂၀၀၇ ချယ်လ်ဆီး၊ ၎င်းကိုယ်တိုင် လက်ရှိကိုင်တွယ်နေသည့် မန်စီးတီးအသင်းတို့ကို အဆင့်ဆင့်ကျော်ဖြတ်ကာ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ခဲ့ ခြင်းဖြစ်သည်။
ဖာဂူဆန်၏ မန်ယူအသင်းနှင့် ဂွါဒီယိုလာ၏ ဘာစီလိုနာအသင်းတို့သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲများတွင် ၂၀၀၉ နှင့် ၂၀၁၁ ခုနှစ်များ၌ နှစ်ကြိမ်တိုင်တွေ့ဆုံခဲ့ဖူးပြီး ဖာဂူဆန်၏အသင်းမှာ နှစ်ကြိမ်စလုံး အရှုံးပေးခဲ့ရသည်။
ယခုမဲပေးရွေးချယ်မှုတွင် မန်ယူအသင်း အသာရရှိခဲ့သည့်အချက်မှာ နှစ်ပေါင်းများစွာလက်တွဲပြီး အောင်မြင်မှုများစွာ ယူနိုင်ခဲ့ခြင်းကြောင့်ဖြစ်နိုင်ကြောင်း Eurosport က ဆို သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
