၂၀၁၉-၂၀၂၀ ရာသီ လီဂူး-၁ ပြိုင်ပွဲ၏ အကောင်းဆုံးအသင်းကို ပြင်သစ်နိုင်ငံထုတ် L'Equipe သတင်းစာက ထုတ်ပြန်ရာ ချန်ပီယံ PSG အသင်းမှ ကစားသမားခုနစ်ဦးအထိ ပါဝင်ခဲ့ကြောင်း သိရသည်။
L'Equipe ၏ သတင်းထောက်များက တစ်ပွဲချင်းစီအလိုက် စွမ်းဆောင်ရည်ကိုတွက်ချက်၍ အကောင်းဆုံးအသင်းရွေးချယ်ရန် နေရာတစ်ခုလျှင် ဆန်ခါတင်ကစားသမား လေးဦးစီ ထုတ်ပြန်ပေးခဲ့ပြီး ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုသူများက မဲပေးရွေးချယ်ရခြင်းဖြစ်သည်။
အကောင်းဆုံးအသင်းကို (၄-၄-၁-၁) ပုံစံကစားကွက်ဖြင့် ထုတ်ပြန်ရာ ဂိုးသမားနေရာတွင် မန်ဒန်ဒါ (မာဆေးလ်) က ၃၈ ရာခိုင်နှုန်း၊ ညာနောက်ခံလူနေရာတွင် ဂျူဘိုအာ (လိုင်ယွန်) က ၃၄ ရာခိုင်နှုန်း၊ ခံစစ်အတွင်းလူနှစ်နေရာတွင် PSGအသင်းမှ သီယာဂိုဆေးလ်ဗားက ၄၁ ရာခိုင်နှုန်းနှင့် မာကင်ဟို့စ်က ၆၂ ရာခိုင်နှုန်း၊ ဘယ်နောက်ခံလူနေရာ တွင် ဘားနတ် (PSG) က ၄၇ ရာခိုင်နှုန်း၊ ကွင်းလယ်ခံစစ်နေရာတွင် အသက် ၁၇ နှစ် သာရှိသေးသည့် ကာမာဗင်ဂါ (ရန်းစ်) က ၅၁ ရာခိုင်နှုန်း၊ ကွင်းလယ်နေရာတွင် ဗာရက်တီ (PSG) က ၅၆ ရာခိုင်နှုန်း၊ ညာတောင်ပံ နေရာတွင် ဒီမာရီယာ (PSG) က ၈၄ ရာခိုင်နှုန်း၊ ဘယ်တောင်ပံနေရာတွင် နေမာ (PSG) က ၇၄ ရာခိုင်နှုန်း၊ နောက်ချန်တိုက်စစ်နေရာတွင် ဘာပေ (PSG) က ၅၆ ရာခိုင်နှုန်းနှင့် အထောင်တိုက်စစ်နေရာတွင် ဘင်ယက်ဒါ (မိုနာကို) က ၆၆ ရာခိုင်နှုန်းဖြင့် ရွေးချယ်ခံခဲ့ရသည်။
ထို့ပြင် အကောင်းဆုံးနည်းပြအဖြစ် အမှတ်ပေးဇယား ဒုတိယနေရာမှ မာဆေးလ် အသင်းနည်းပြ ဘိုအက်ရှ်က ၅၉ ရာ ခိုင်နှုန်းဖြင့် ချန်ပီယံ PSG အသင်းနည်းပြ တူဟယ်လ်ကိုကျော်၍ ရွေးချယ်ခံရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
