တာချီလိတ်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့သူ ရှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ၊ မြို့ ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ နေအိမ်များအတွင်း ဝင်ရောက်၍ လုံခြုံရေးအရ ဧည့်စာရင်းစစ်ဆေးမည်ဖြစ်ကြောင်း အကြောင်းပြကာ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူမှုများဖြစ်ပွားနေကြောင်း သတင်းပေးပို့တိုင်တန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့ပေါ် ရပ်ကွက်များရှိ နေအိမ်အချို့ အား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်၍ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့ကြသူများဖြစ်ကြသည့် တာချီလိတ်မြို့ ၊ ဝိန်းကျောက်ရပ်ကွက်နေ ဇော်ဖြိုးလွင်(ခ)တာလေနှင့် သီ၊ မကာဟိုခမ်းရပ်ကွက်နေ မိုးနှင်းလျှံ(ခ)ဘဦးနှင့် မျိုးဦး(ခ)ဝေယံ၊ ရန်အောင်မြေရပ်ကွက်နေ သိန်းထိုက်အောင် (ခ)အရှည်ကြီးနှင့် ဝင်းသက်အောင်(ခ)ဝင်းမင်းသန့်၊ မယ်ခေါင်ရပ်ကွက်နေ ခင်မောင်ထိုက်(ခ)ကုလား၊ ဝမ်ကောင်းရပ်ကွက်နေ မျိုးမင်းထက်တို့ ရှစ်ဦးအား ၎င်းတို့၏နေအိမ်အသီးသီး၌ ခြောက်လှန့်တောင်းယူမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Alphard အမျိုးအစား အဖြူရောင် မော်တော်ယာဉ် တစ်စီး၊ M16 ပုံစံတူ (Air Gun) တစ်လက်၊ ပစ္စတိုသေနတ် အတို (Air Gun) တစ်လက်၊ ပြောက်ကြားဦးထုပ် တစ်လုံး၊ ပြောက်ကြားယူနီဖောင်း နှစ်စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသည့် ဇော်ဖြိုးလွင်(ခ)တာလေပါ ရှစ်ဦးတို့အား စစ်ဆေးချက်များအရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ အငှားနေအိမ် လိုင်းခန်းတစ်ခုမှ ဇော်ဖြိုးလွင်(ခ)တာလေ၊ သိန်းထိုက်အောင်(ခ)အရှည်ကြီး၊ သီဟနှင့် ဖမ်းဆီးရန်ကျန် မဲကြီးတို့ လေးဦးက ဖုန်းမျိုးစုံ နှစ်လုံးနှင့် ထိုင်းဘတ်ငွေ ၂၀၀၀၀ ခန့်အား လည်းကောင်း၊ အောက်တိုဘာလအတွင်း တာချီလိတ်မြို့ ၊ ရန်အောင်မြေရပ်ကွက်အတွင်းရှိ နေအိမ် တစ်အိမ်မှ ဇော်ဖြိုးလွင်(ခ)တာလေ၊ သိန်းထိုက်အောင်(ခ)အရှည်ကြီး၊ မိုးနှင်းလျှံ(ခ)ဘဦး၊ မျိုးမင်းထက်၊ မျိုးဦး(ခ)ဝေယံနှင့် ဖမ်းဆီးရန်ကျန် မဲကြီးတို့ ခြောက်ဦးက ဖုန်းမျိုးစုံ ခြောက်လုံးနှင့် ထိုင်းဘတ်ငွေ ၂၀၀၀၀ ခန့်အားလည်းကောင်း၊ တာချီလိတ်မြို့ ၊ ဆေးခမ်းရပ်ကွက်အတွင်းရှိ နေအိမ် တစ်အိမ်မှ ဖုန်းမျိုးစုံ ၇ လုံးနှင့် ထိုင်းဘတ်ငွေ ၁၄၀၀၀ ခန့်အားလည်းကောင်း၊ တာချီလိတ်မြို့ ၊ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ ဇော်ဖြိုးလွင်(ခ)တာလေ၊ မိုးနှင်းလျှံ(ခ) ဘဦး၊ ဝင်းသက်အောင်(ခ)ဝင်းမင်းသန့်နှင့် ဖမ်းဆီးရန်ကျန် မဲကြီးတို့ လေးဦးက ဖုန်းမျိုးစုံ ၅ လုံးနှင့် ထိုင်းဘတ်ငွေ ရဝဝဝခန့်အားလည်းကောင်း၊ နိုဝင်ဘာလအတွင်း တာချီလိတ်မြို့၊ ဝိန်းကျောက် ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ ဇော်ဖြိုးလွင်(ခ)တာလေ၊ သိန်းထိုက်အောင်(ခ) အရှည်ကြီး၊ သီဟနှင့် ခင်မောင်ထိုက်(ခ)ကုလားတို့ လေးဦးက ဖုန်းမျိုးစုံ လေးလုံးနှင့် ထိုင်းဘတ်ငွေ ၁၂၀၀၀ ခန့်အားလည်းကောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ ပျောက်ကြားယူနီဖောင်းများဝတ်ဆင်ပြီး M16 ပုံစံတူ (AirGun) တစ်လက်၊ ပစ္စတိုသေနတ်(AirGun) တစ်လက်နှင့် ဝင်းသက်အောင်ပိုင်ဆိုင်သည့် Alphard အဖြူရောင်မော်တော်ယာဉ်တို့အား အသုံးပြု၍ လုံခြုံရေးအရ ဧည့်စာရင်းစစ်ဆေးမည် ဖြစ်ကြောင်း အကြောင်းပြကာ နေအိမ်ရှိသူများထံမှ ဖုန်းမျိုးစုံ ၂၄ လုံးနှင့် ထိုင်းဘတ်ငွေ ၇၃၀၀၀ တို့အား ငါးကြိမ်တိတိ ခြောက်လှန့်တောင်းယူခဲ့ကြကြောင်း သိရသည်။
နေအိမ်များအတွင်း ဝင်ရောက်ကာ ခြောက်လှန့်တောင်းယူမှုများအတွင်း ဇော်ဖြိုးလွင်(ခ) တာလေ၊ သိန်းထိုက်အောင်(ခ)အရှည်ကြီးနှင့် ဖမ်းဆီးရန်ကျန် မဲကြီးတို့က လုံခြုံရေးတပ်ဖွဲ့ ယူနီဖောင်းများဝတ်ဆင်၍ ဦးဆောင်ကျူးလွန်ခဲ့ကြပြီး ကျန် ခြောက်ဦးတို့က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအယောင်ဆောင်၍ ပူးပေါင်းကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ခြောက်လှန့်တောင်းယူခဲ့ရရှိခဲ့သည့် လက်ကိုင်ဖုန်းများနှင့် ငွေကြေးများအား သိမ်းဆည်းရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့ ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်အချို့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်၍ လုံခြုံရေးအရ ဧည့်စာရင်း စစ်ဆေးမည်ဖြစ်ကြောင်း အကြောင်းပြကာ နေအိမ်အတွင်းသို့ ဝင်ရောက်၍ ဖုန်းနှင့် ငွေကြေးများအား ခြောက်လှန့်တောင်းယူခဲ့ကြသော ဇော်ဖြိုးလွင်(ခ)တာလေပါ ရှစ်ဦးအား သက်ဆိုင်ရာရဲစခန်းများ၌ ပြစ်မှုတစ်ခုချင်းစီအလိုက် အမှုများအသီးသီးရေးဖွင့် ဆောင်ရွက်ထားရှိပြီး ထွက်ပြေးတိမ်းရှောင်နေသော မဲကြီးအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
