မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့်နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်၏ ခြေစမ်းပွဲများတွင် စင်ကာပူလက်ရွေးစင်အသင်းနှင့် လက်ဘနွန်လက်ရွေးစင်အသင်းများကို ရှုံးနိမ့်မှုကြောင့် ကမ္ဘာ့အဆင့်ရပ်တည်မှုတွင် အဆင့်နှစ်ဆင့် ကျဆင်းသွားကြောင်း သိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) သည် ပြီးခဲ့သည့်ရက်ပိုင်းက ၂၀၂၄ ခုနှစ် နိုဝင်ဘာအတွက် ကမ္ဘာ့အဆင့်ရပ်တည်မှုများကို ထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ၏ နောက်ဆုံးထုတ်ပြန်သည့် ကမ္ဘာ့အဆင့်ရပ်တည်မှုတွင် မြန်မာ့လက်ရွေးစင်အသင်းသည် ၁၆၇၊ အာရှအဆင့်(AFC) တွင် ၃၄၊ အာဆီယံအဆင့်(AFF) တွင် ၇ နေရာတို့၌ ရပ်တည်ခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ၏ အောက်တိုဘာအတွက် ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်ရပ်တည်မှုတွင် အဆင့် ၁၆၅၊ အာရှအဆင့်(AFC) တွင် ၃၃၊ အာဆီယံအဆင့်(AFF) တွင် ၇ နေရာတို့၌ ရပ်တည်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာနှင့် နိုဝင်ဘာနှိုင်းယှဉ်ချက်အရ ကမ္ဘာ့အဆင့်တွင် နှစ်ဆင့်ကျဆင်းသွားခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာခြေစမ်းပွဲများတွင် စင်ကာပူ၊ လက်ဘနွန်အသင်းများကို(၂-၃) ဂိုးစီဖြင့် ရှုံးနိမ့်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
