အာမီးနီးယား နှင့် ဖရိုင်းဘတ် (မြန်မာစံတော်ချိန် အင်္ဂါည ၁၁း၃၀ နာရီ)
အာမီးနီးယားအသင်းက တတိယတန်းအဆင့်ထိ တန်းဆင်းကစားနေရတယ်။ ဖရိုင်းဘတ်အသင်းက ဒီရာသီ အဝေးကွင်းမှာ ထိပ်သီးကလပ်တွေကိုသာ အရေးနိမ့်ထားတာပါ။ ဖရိုင်းဘတ်ပဲ ကြိုက်တယ်။
ရေဂင်စဘတ် နှင့် စတုဂတ် (မြန်မာစံတော်ချိန် အင်္ဂါည ၁၁း၃၀ နာရီ)
ရေဂင်စဘတ်က ဘွန်ဒစ်လီဂါ-၂ မှာတော့ ဇယားအောက်ဆုံးရောက်နေတဲ့အသင်းပါ။ စတုဂတ်ကလည်း နောက်ဆုံး(၆) ပွဲမှာ တစ်ပွဲသာ အနိုင်ရထားပြီး အရှုံးများနေတယ်။ ကစားသမားပိုင်းကွာလို့ စတုဂတ်ပဲကြိုက်တယ်။
ဘိုင်ယန်မြူးနစ် နှင့် လေဗာကူဆင် (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)
အခုရာသီတွေ့ဆုံမှုမှာ ဘိုင်ယန်အသင်း မြူးနစ်ကွင်းမှာတောင် လေဗာကူဆင်ကို အနိုင်မကစားနိုင်ခဲ့ဘူး။ နောက်ဆုံး (၂)ရာသီအတွင်း (၄)ပွဲကစားခဲ့ရာမှာလည်း လေဗာကူဆင်အသင်းက (၂)ပွဲနိုင်၊ (၂)ပွဲသရေနဲ့ အသာရထားတယ်။ ဘိုင် ယန်အသင်းတိုက်စစ်မှာ ဒဏ်ရာပြဿနာရှိတဲ့ ဟာရီကိန်း မကစားနိုင်ရင်တော့ ရုန်းကန်ရမယ့် အနေအထားရှိပါတယ်။ လေဗာကူဆင်အသင်းက အခုပွဲမတိုင်ခင် (၃)ပွဲဆက် အနိုင်ကစားပြီး ပြန်တည့်မတ်လာနိုင်တယ်။ ဒါပေမဲ့ အဝေးကွင်းမှာတော့ လေဗာကူဆင်အသင်းကို သိပ်ယုံစားလို့ မရသေးဘူး။ ဘိုင်ယန်ပဲ နောက်တစ်ဆင့်တက်ဖို့များတယ်။
၀ါဒါဘရီမင် နှင့် ဒမ်းစတက်ဒ် (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)
၀ါဒါဘရီမင်အသင်း ဒီရာသီအိမ်ကွင်းမှာ တစ်ပွဲသာ အနိုင်ရထားပေမဲ့ အများစုက ပွဲကျပ်တွေ ကစားခဲ့ရတာပါ။ ဘွန်ဒစ်လီဂါ-၂ကလပ် ဒမ်းစတက်ဒ်ကတော့ တောက်လျှောက်ရလဒ်တွေကောင်းနေတယ်။ ၀ါဒါဘရီမင် အနိုင်သေချာပါတယ်။
---------------------------------------------------------------------------------------------
ဘိုလော့ဂ်နာ နှင့် မွန်ဇာ (မြန်မာစံတော်ချိန် အင်္ဂါည ၁၂းဝ၀ နာရီ)
မွန်ဇာအသင်းအဖို့ ကိုပါအီတာလီယာထက် စီးရီးအေတန်းဆင်းဇုန်က ရုန်းထွက်ဖို့ပဲ ပိုအရေးကြီးပါတယ်။ ဘိုလော့ဂ်နာ အနိုင်သေချာပါတယ်။
အေစီမီလန် နှင့် ဆာဆူအိုလို (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)
အေစီမီလန်အသင်းက ရီးယဲလ်မက်ဒရစ်လိုအသင်းကို အဝေးကွင်းမှာ အနိုင်ရပြီးနောက် ယုံကြည်မှုမြင့်လာသလို၊ ရလဒ်တွေလည်း ပိုကောင်းလာတယ်။ ဆာဆူအိုလိုအသင်းက စီးရီးဘီမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့အသင်းပါ။ အေစီမီလန်ပဲ ကြိုက်တယ်။
-----------------------------------------------------------------------------------------------
ဆာလာမန်ကာ နှင့် ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)
ဆာလာမန်ကာက စတုတ္ထတန်းမှာ ရလဒ်ပိုင်းမဆိုးပေမဲ့ လာလီဂါကလပ်ကိုတော့ ယှဉ်နိုင်တဲ့ အနေအထားမရှိပါဘူး။ ဆယ်လ်တာဗီဂိုကို ကြိုက်တယ်။
အခြားပွဲစဉ်များ
အာဗီလာ - ဗယ်လာဒိုလစ်*
ယေကလာနို - အယ်လ်ချီ*
ဘာဘက်စထရို - အက်စ်ပန်ညို*
*ဇာရာဂိုဇာ - ဂရန်နာဒါ
အယ်ယူရိုပါ - လက်စ်ပါမားစ်*
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
